Connect with us

Videos

Severodonetsk မြို့ ကို ရုရှားက အလုံးစုံ ထိန်းချုပ်

ကိဗ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

Lugansk ဒေသအရှေ့ပိုင်းရှိ ယူကရိန်းနိုင်ငံမှ ထိန်းချုပ်ထားသည့် အုပ်ချုပ်မှု အချက်အချာ ဒေသဖြစ်သော Severodonetsk မြို့ ကို ရုရှားစစ်တပ်က အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် ကြေညာခဲ့သည်။ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Igor Konashenkov က ရုရှားစစ်တပ် ၏ ထောက်ပံ့မှုဖြင့် Lugansk တပ်ဖွဲ့များက ခုခံစစ်ကိုအောင်မြင်ခဲ့ပြီး Lugansk ဒေသရှိ မြို့နှစ်မြို့ဖြစ်သည့် Severodonetsk နှင့် Borovskoye မြို့တို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရပိုင် Ukrinform သတင်းဌာနက Severodonetsk မြို့တော်ဝန် Oleksandr Stryuk ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် “မြို့ဟာလက်ရှိမှာ ရုရှားထိန်းချုပ်မှုအောက်ကိုအလုံးစုံကျရောက်သွားပါပြီ၊သူတို့ဟာ အခု အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးစားနေပါတယ်”ဟုဆိုသည်။

Stryuk ကAzot ဓါတုစက်ရုံတွင်ခိုလှုံနေသည့် မြို့သားများအား စက်ရုံမှထွက်ခွါရန် နှင့် မြို့ထဲတွင် အရေးပေါ် ဆေးဘက်ဆိုင်ရာအထောက်အပံ့များပေးအပ်ရန် ဆေးဝါးများလုံလောက်စွာထားရှိပေးထား ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

အလားတူ ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စနေနေ့က ယူကရိန်းနှင့် ဂျာမနီနိုင်ငံတို့သည် ကိဗ် (ယူကရိန်းနိုင်ငံ) အတွက် ယူရို ၁ ဘီလီယံ တန်ဖိုး(အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံခန့်) ရှိ အကူအညီများကို ‌ပေးအပ်ရန်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ရုရှားနိုင်ငံသည် ဘီလာရုဇ် နိုင်ငံသို့ စစ်ရေးစွမ်းရည်တိုးတက်စေရန် လာမည့် လအနည်းငယ်တွင် နျူးကလီယားဒုံးကျည် သယ်ဆောင်နိုင်သည့် 9K720 Iskander ဒုံးကျည်စနစ် ကို ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း ဇွန် ၂၅ ရက် တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(English Version)

GLOBALink | Russia takes full control of Severodonetsk

KIEV, June 26 (Xinhua) — The Russian military on Saturday announced full control of Severodonetsk, the administrative center of the Ukraine-controlled part of the eastern Lugansk region.

Russian Defense Ministry spokesman Igor Konashenkov said that with the support of Russian troops, the forces of Lugansk launched “a successful offensive” and “completely liberated” the cities of Severodonetsk and Borovskoye as well as two settlements in Lugansk.

The Ukrainian government-run Ukrinform news agency reported, citing Severodonetsk Mayor Oleksandr Stryuk, “the city is already completely occupied by the Russian Federation. They are trying to establish their order.”

Stryuk said civilians, who had been sheltering at the Azot chemical plant, began to leave the plant, adding that there was enough medicine in the city to give them emergency medical assistance.

Meanwhile, the Ukrainian Finance Ministry said Saturday that Ukraine and Germany signed an agreement on providing grant aid worth 1 billion euros (about 1.06 billion U.S. dollars) for Kiev.

Russian President Vladimir Putin said Saturday that Russia will transfer the nuclear-capable Iskander-M tactical missile systems to Belarus in the next few months to increase its defense capability.

 

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.