Videos
အစ္စရေးက ဓါတ်ငွေ့တွင်းသို့ ပျံသန်းလာသည့် ဟစ်ဇ်ဘိုလာ ဒရုန်း ၃ စင်းအားပစ်ချခဲ့ဟုဆို
ဂျေရုဆလင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
မြေထဲပင်လယ်အတွင်းရှိ အစ္စရေးနိုင်ငံ၏ ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်များအနက် တစ်ခုဆီသို့ ပျံသန်းလာသည့် ဟစ်ဇ်ဘိုလာ ဒရုန်း သုံးစင်းအား အစ္စရေးစစ်တပ်က ဇူလိုင် ၂ ရက်တွင် ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒရုန်းများအနက် တစ်စင်းအား အစ္စရေးတိုက်ခိုက်ရေးဂျက်လေယာဉ်ဖြင့် ပစ်ချခဲ့ပြီး အခြားနှစ်စင်းကို ရေတပ်ကင်းလှည့်ရေယာဉ်တစ်စင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒရုန်းများအား သဘာဝဓါတ်ငွေ့ လုပ်ငန်းများနှင့်ဘေးလွတ်ရာသို့ ကြားဖြတ်တားဆီးပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဒရုန်းများအား လက်ဘနွန်နှင့်အစ္စရေး နှစ်နိုင်ငံ ပိုင်နက် ပင်လယ်ပြင်ဧရိယာသို့ပစ်ချခဲ့ခြင်းဖြစ်ပြီး ထိုရေပိုင်နက်အား လွန်ခဲ့သည့် ၂ နှစ်တွင် အိမ်နီးချင်းနှစ်နိုင်ငံ၏ ရေပိုင်နက်အဖြစ်ဆုံးဖြတ်ရန် ကုလသမဂ္ဂမှ ဦးစီးကာ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။
ဟစ်ဇ်ဘိုလာ အဖွဲ့သည် လက်ဘနွန်နိုင်ငံရှိ အီရန်မှ ကျောထောက်နောက်ခံပြုထားသော အင်အားကြီး ရှီးယိုက် နိုင်ငံရေးပါတီ နှင့် စစ်သွေးကြွ အဖွဲ့အစည်းတစ်ခုဖြစ်ကာ လက်ရှိအချိန်အထိ အစ္စရေးတို့၏ စွပ်စွဲချက်များအပေါ် တုန့်ပြန်မှုမရှိသေးကြောင်းသိရသည်။
အစ္စရေးနိုင်ငံကလွန်ခဲ့သည့်ကာလများစွာကပင် မြေထဲပင်လယ်ရှိ ကာရစ်မြောက်ပိုင်းဓါတ်ငွေ့တွင်းအား ၎င်းတို့ နိုင်ငံပိုင်အဖြစ် အခိုင်အမာပြောဆိုထားပြီးဖြစ်သော်လည်း လက်ဘနွန်နိုင်ငံဘက်ကလည်း အဆိုပါဓါတ်ငွေ့တွင်းမှာ၎င်းတို့၏ ရေပိုင်နက်တွင် တည်ရှိသောကြောင့် အနည်းဆုံး ဓါတ်ငွေ့ခွဲတမ်း ရသင့်ရထိုက်သည့် အခွင့်အရေးရှိသည်ဟု ဆိုသည်။
“အစ္စရေးနိုင်ငံက အခြေခံအဆောက်အအုံတွေကို ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆိုကနေ ကာကွယ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။” အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီး Benny Gantz က တွစ်တာစာမျက်နှာတွင် ရေးသားကာ ဒရုန်း ၃ စင်းအား ပစ်ချခဲ့ခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
“အစ္စရေးနိုင်ငံက အဲဒီ ပြဿနာကိုညှိနှိုင်းဆွေးနွေးအဖြေရှာ ပြီး ရှေ့ကို ဆက်သွားဖို့ ရည်ရွယ်ပေမဲ့လဲ ဟစ်ဇ်ဘိုလာအဖွဲ့က ရေကြောင်းနယ်နမိတ်ဆိုင်ရာ သဘောတူညီချက် ရရှိဖို့ လက်ဘနွန်အစိုးရရဲ့ စွမ်းရည်ကို အဟန့်အတား ဖြစ်စေပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
Israel says downs 3 Hezbollah drones flying to gas field
The Israeli military said it shot down on Saturday three Hezbollah drones flying toward one of the country’s offshore gas fields in the Mediterranean Sea.
One of the drones was downed by an Israeli fighter jet, while the other two by missiles fired from a navy corvette, according to a statement by the Israel Defense Forces.
The drones were intercepted “at a safe distance from the (gas) platform,” said the statement.
The drones were downed over a sea area claimed by both Lebanon and Israel, as the two neighbors have been in UN-sponsored negotiation in the past two years to determine their maritime border.
Hezbollah, an Iran-backed powerful Shiite political party and militant organization in Lebanon, has yet to respond to the Israeli allegations.
Israel has long claimed the Karish North field in the Mediterranean Sea as its own property, but Lebanon expanded its claim in territorial waters, which would include at least part of the gas field.
“Israel is prepared to defend its infrastructure against any threat,” Israeli Defense Minister Benny Gantz tweeted in the evening, commenting on the downing of the three drones.
“Hezbollah undermines the ability of the Lebanese government to reach an agreement on the maritime border … despite Israel’s intentions to move forward in negotiations to resolve the issue,” he added.