Connect with us

China

“နီကျား” နှင့်အတူ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လေ့လာသင်ယူမည်

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ ချားရဟတ်နိုင်ငံတကာရုပ်ရှင်ရုံတွင် ပညာတော်သင် ကျောင်းသား၊ကျောင်းသူများက စေတနာ့ဝန်ထမ်း (ဝဲဘက် ဒုတိယ) ၏ လမ်းညွှန်မှုဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် စက္ကူအလှညှပ်ခြင်း လက်မှုပညာကို သင်ယူကာ “နီကျား” ယဉ်ကျေးမှုထုတ်ကုန်များ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ဟူနန်တရုတ်တိုင်းရင်းဆေးတက္ကသိုလ်သည် “နီကျား ၂ (Ne Zha 2)” ရုပ်ရှင်ကို ချိတ်ဆက်မှုအဖြစ် ချန်ရှားမြို့ ချားရဟတ်နိုင်ငံတကာရုပ်ရှင်ရုံ၌ “ ‘နီကျား’ နှင့်အတူ တရုတ်နိုင်ငံကို ကြည့်ရှုခြင်း” ယဉ်ကျေးမှုသင်ယူလေ့လာရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများက ရုပ်ရှင်ကြည့်ရှုပြီးနောက် ရုပ်ရှင် ဇာတ်ကွက်များတွင် ပါဝင်သော တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုအကြောင်း နားလည်သိရှိခဲ့ကြသည့်အပြင် သကြားရည်အုပ်ထားသော သစ်သီးတုတ်ထိုး ပြုလုပ်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စက္ကူအလှညှပ်ခြင်း စသည်တို့ကိုလည်း လက်တွေ့လုပ်ဆောင်ခဲ့ကာ တရုတ်ရိုးရာယဉ်ကျေးမှုကို ပို၍ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခံစားခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ ချားရဟတ်နိုင်ငံတကာရုပ်ရှင်ရုံတွင် ပညာတော်သင် ကျောင်းသား၊ကျောင်းသူများနှင့် စေတနာ့ဝန်ထမ်း (ဝဲဘက် ပထမ) တို့က “နီကျား” စက္ကူအလှညှပ်လက်ရာများအား ပြသနေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
跟着“哪吒”学非遗
新华社照片,长沙,2025年2月25日
当日,湖南中医药大学以电影《哪吒之魔童闹海》为纽带,在长沙摩天轮国际影城开展“跟着‘哪吒’看中国”文化研学活动。留学生们观看电影后,了解电影片段中隐藏的中医药文化,体验冰糖葫芦制作,学习非遗剪纸技艺等,更直观地感受中国传统文化。
图说1:2月25日,在长沙摩天轮国际影城,留学生们在志愿者(左二)的指导下学习非遗剪纸技艺,制作“哪吒”文创产品。 新华社记者 陈思汗 摄
图说2:2月25日,在长沙摩天轮国际影城,留学生们和志愿者(左一)在展示“哪吒”剪纸作品。新华社记者 陈思汗 摄