Connect with us

China

တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ကုန်သွယ်ရေးကိစ္စရပ်အပေါ် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း ၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai နှင့် ယနေ့ မေ ၂၇ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။နှစ်ဘက်လုံးက တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံ၍ လက်တွေ့ကျပြီး အပြုသဘောဆောင်သည့် ဖလှယ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်ဘက်လုံးက နှစ်နိုင်ငံကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုသည် အလွန်အရေးကြီးကြောင်း သဘောတူခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး စိုးရိမ်ပူပန်မှုများအပေါ် အမြင်ချင်းဖလှယ်ပြီး ဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)
#China #U.S #trade #တရုတ်နိုင်ငံ #အမေရိကန်နိုင်ငံ #ကုန်သွယ်ရေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(English Version)

Chinese, U.S. senior officials hold phone talks over trade

BEIJING, May 27 (Xinhua) — Chinese Vice Premier Liu He, a member of the Political Bureau of the Communist Party of China Central Committee and chief of the Chinese side of the China-U.S. comprehensive economic dialogue, held a phone conversation with U.S. Trade Representative Katherine Tai on Thursday morning.

The two sides held candid, practical and constructive exchanges in the spirit of equality and mutual respect.
The two sides agreed that developing bilateral trade is very important, exchanged views on each other’s concerns, and consented to continue to maintain communication. ■