Connect with us

ASEAN

တရုတ်-ရုရှား-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိရန် အထောက်အကူပြု

ဂျကာတာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ခြင်းတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ရိက ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။

ထွန်းသစ်စနိုင်ငံများနှင့် Group of 20 အဓိကအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားပြုနိုင်ငံများဖြစ်သည့်အားလျော်စွာ ယခုအစည်းအဝေးသည် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် တရုတ်၊ ရုရှားနှင့် အင်ဒိုနီးရှားတို့၏ ဘုံအကျိုးစီးပွားများဖြစ်ကြောင်း ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဖ်ရော့ဗ် (Sergei Lavrov) နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ (Retno Marsudi) တို့နှင့်ပြုလုပ်သော သုံးနိုင်ငံအစည်းအဝေး၌ ပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် စီးပွားရေးနာလန်ထူမှုနှေးကွေးခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်ခြင်း စသည့် ရာစုနှစ်အတွင်း မကြုံဖူးသော ပြောင်းလဲမှုအရှိန်မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် ယင်းမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ရန် မရပ်တန့်နိုင်သောလမ်းကြောင်းဖြစ်သည်ဟု ဝမ်က မှတ်ချက်ပြုခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဆွေးနွေးဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အာဆီယံ ဗဟိုပြု ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုပုံစံကို ထောက်ခံသွားမည်ဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အရှေ့အာရှပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းခြင်းနှင့် အာဆီယံ အသိုက်အဝန်းတည်ဆောက်ရေး အရှိန်မြှင့်တင်ရန် ကြိုးပမ်းအားထုတ်ခြင်းများအတွက်လည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)

China-Russia-Indonesia cooperation conducive to regional peace, stability: senior Chinese diplomat
JAKARTA, July 13 (Xinhua) — The cooperation among China, Russia and Indonesia will help promote the process of multilateralism and boost regional peace and stability, senior Chinese diplomat Wang Yi said here Wednesday.
As representatives of emerging markets and key members of the Group of 20, it is in the common interests of China, Russia and Indonesia to conduct exchanges and cooperation among them, Wang, director of the Office of the Central Commission for Foreign Affairs, said during a tripartite meeting with Russian Foreign Minister Sergei Lavrov and Indonesian Foreign Minister Retno Marsudi.
Wang noted that the world is undergoing accelerating changes unseen in a century, which features sluggish world economic recovery and rising geopolitical tensions, but it is an unstoppable trend to pursue peace, development and cooperation.
As a dialogue partner of the Association of Southeast Asian Nations (ASEAN), China backs the ASEAN-centered regional cooperation structure and supports ASEAN countries in keeping East Asia cooperation, as well as their efforts to accelerate the building of the ASEAN Community, Wang added.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (C) attends a tripartite meeting with Russian Foreign Minister Sergei Lavrov (L, Front) and Indonesian Foreign Minister Retno Marsudi (R, Front) in Jakarta, Indonesia, on July 12, 2023. (Xinhua/Xu Qin)