Africa & Middle East
ရုရှား-တူကီယဲနိုင်ငံ သမ္မတများ ဆီးရီးယားနိုင်ငံ အခြေအနေကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
မော်စကို၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်တို့သည် ဒီဇင်ဘာ ၃ ရက်တွင် ဆီးရီးယားနိုင်ငံ အခြေအနေများကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
ရုရှားနှင့် တူကီယဲ နိုင်ငံခေါင်းဆောင်များသည် လက်ရှိ ဆီးရီးယား တင်းမာမှုအခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ ၀က်ဘ်ဆိုက်က ဒီဇင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားနိုင်ငံအပေါ် အစွန်းရောက်အဖွဲ့အစည်းများ၏ “အကြမ်းဖက် ကျူးကျော်တိုက်ခိုက်မှု” များကို အမြန်ဆုံးတားဆီးရန် လိုအပ်ကြောင်းနှင့် တစ်နိုင်ငံလုံး ပြန်လည်တည်ငြိမ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းကို ပြန်လည်ထူထောင်ရေးအတွက် ဆီးရီးယားနိုင်ငံ အစိုးရ၏ ကြိုးပမ်းမှုများကို အပြည့်အဝ ထောက်ခံခဲ့ကြောင်း ရုရှားဘက်က အလေးပေးပြောကြားခဲ့သည်။
နှစ်နိုင်ငံ သမ္မတတို့က နှစ်နိုင်ငံအဆင့်နှင့် Astana လုပ်ငန်းစဉ် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန် တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှား၊ တူကီယဲနှင့် အီရန်တို့ နီးကပ်စွာ ညှိနှိုင်းခြင်းသည် ဆီးရီးယား အခြေအနေကို ပုံမှန်အသွင် ပြန်လည်ရရှိရေး တွန်းအားပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း အဆိုပါ ကြေညာချက်တွင် အလေးပေးဖော်ပြထားသည်။
နှစ်နိုင်ငံ သမ္မတတို့က အကျပ်အတည်း လျော့ပါးစေရေး အစီအမံများ ရှာဖွေတွန်းအားပေးရန် ဆက်လက် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နှစ်နိုင်ငံ သမ္မတတို့က ရုရှားနှင့် တူကီယဲ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)
………………………
(Chinese Version)
俄土总统通电话讨论叙利亚局势
新华社莫斯科12月3日电(记者李奥)俄罗斯总统普京与土耳其总统埃尔多安3日通电话讨论叙利亚局势。
根据俄总统网站3日发表的声明,俄土两国领导人详细讨论了叙利亚当前紧张局势。俄方强调必须尽快阻止极端组织对叙利亚的“恐怖主义侵略”,并全力支持叙利亚政府为恢复全国稳定和宪法秩序所做努力。
声明说,两国总统呼吁加强在双边层面以及阿斯塔纳进程框架内的合作。声明强调俄罗斯、土耳其和伊朗发挥紧密协作在推动叙利亚局势正常化方面具有重要作用。
声明说,两国总统将继续保持沟通,以寻找推动危机降级措施。
此外,两国总统还讨论了俄土互利合作相关问题,特别是在经贸和能源领域。
图说:11月30日,叙利亚反对派武装人员站在阿勒颇老城附近。新华社/美联