Connect with us

Sport

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအစီအစဉ် တစ်ဝက်သို့ ရောက်ရှိ၊ တရုတ်အသင်းက ရွှေတံဆိပ် ၄၃ ခုဖြင့် ဦးဆောင်နေ

ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား၌ ချန်ပီယံဆုရှင် တရုတ်အဖွဲ့ ကျန်းထျန်းရှင်း(ယာ) နှင့် ချန်မင်ရီတို့ကို စက်တင်ဘာလ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအစီအစဉ်များသည် စက်တင်ဘာ ၂ ရက်တွင် ပွဲစဉ်ကာလ တစ်ဝက်သို့ ရောက်ရှိလာပြီဖြစ်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် အရှိန်အဟုန်မြင့် ရှေ့သို့ တက်လှမ်းချီလျက်ရှိပြီး ရွှေ ၄၃ ခု၊ ငွေ ၃၀ ခု နှင့် ကြေး ၁၄ ခုဖြင့် ဆုတံဆိပ်စာရင်းတွင် ထိပ်တန်းက ဆက်လက် ဦးဆောင်နေသည်။ ဗြိတိန်အသင်းသည် ရွှေတံဆိပ် ၂၉ ခုဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ အမေရိကန်အသင်းက ရွှေတံဆိပ် ၁၃ ခုဖြင့် တတိယနေရာတွင်လည်းကောင်း ရပ်တည်နေကြောင်း သိရသည်။

ကြက်တောင်ရိုက်အားကစားအစီအစဉ်သည် ပြိုင်ပွဲနောက်ဆုံးနေ့သို့ ရောက်ရှိလာပြီး အမျိုးသမီးတစ်ဦးချင်း SL3 အဆင့်ပြိုင်ပွဲတွင် တရုတ်လက်ရွေးစင် ရှောင်းကျူရှန် က အင်ဒိုနီးရှားလက်ရွေးစင် Qonitah Ikhitiar Syakuroh ကို ၂ : ၀ ဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ တရုတ်လက်ရွေးစင် ချိန်းဟဲဖန်းသည်လည်း အမျိုးသမီး တစ်ဦးချင်း SL4 အဆင့် ဖိုင်နယ်ပွဲတွင် ပွဲစဉ်နှစ်ခု ဆက်တိုက်အနိုင်ရရှိကာ အင်ဒိုနီးရှားလက်ရွေးစင် Sadiyah Khalimatus အား အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသမီး/အမျိုးသား နှစ်ယောက်တွဲ SH6 အဆင့် ဖိုင်နယ်ပွဲတွင် တရုတ်အသင်းမှ လျင်နိုင်လိနှင့် လီဖုန့်မိန်တို့က အမေရိကန်အသင်းအား ၂ : ၀ ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ တရုတ်လက်ရွေးစင် လီဖုန့်မိန်သည် အမျိုးသမီး တစ်ဦးချင်း SH6 အဆင့် ဖိုင်နယ်ပွဲတွင်လည်း အသင်းဖော် လျင်စွမ်းပေါင်ကို အနိုင်ရရာ ၎င်းတို့နှစ်ဦးမှာ ရွှေနှင့် ငွေတံဆိပ် အသီးသီး ရရှိခဲ့သည်။ အမျိုးသမီး တစ်ဦးချင်း WH2 အဆင့် ဗိုလ်လုပွဲသည်လည်း တရုတ်အသင်းမှ လက်ရွေးစင် နှစ်ဦးဖြစ်သည့် လျှိုယွီထုန်နှင့် လီဟုန်ရန့်တို့ကြား ယှဉ်ပြိုင်ခဲ့ကြပြီး ချန်ပီယံနှင့် အဆင့် ၂ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Triathlon အားကစားပြိုင်ပွဲအစီအစဉ်သည် တစ်ရက်သာ ကြာမြင့်ပြီး ရွှေတံဆိပ်ဆု ၁၁ ခု ပေါ်ပေါက်ခဲ့သည်။ အမေရိကန်လက်ရွေးစင်က ရွှေတံဆိပ် ၃ ခု၊ ပြင်သစ်၊ ဗြိတိန်နှင့် စပိန်တို့က ရွှေတံဆိပ် ၂ ခုစီ အသီးသီးရရှိခဲ့ပြီး အခြားရွှေတံဆိပ် ၂ ခုကို သြစတြေးလျနှင့် နယ်သာလန်လက်ရွေးစင်တို့က အသီးသီး ဆွတ်ခူးခဲ့သည်။ Triathlon အားကစားမှာ အဓိကအားဖြင့် ဘီးတပ်ကုလားထိုင် ထိုင်သူ၊ အမြင်အာရုံချို့တဲ့သောသူနှင့် မတ်တတ်ရပ်နိုင်သောသူဟူ၍ သုံးမျိုးခွဲခြားထားပြီး ယင်းအောက်တွင် အသေးစိတ် ထပ်ဆင့်ခွဲထားကြောင်း သိရသည်။

ဘီးတပ်ကုလားထိုင် Rugby ဘောလုံးပြိုင်ပွဲသည်လည်း စက်တင်ဘာ ၂ ရက်၌ ပြီးဆုံးခဲ့သည်။ ယင်းပြိုင်ပွဲမှာ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းမှ ရွှေတံဆိပ်တစ်ခုသာ ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ဂျပန်အသင်းက ၄၈ : ၄၁ ဖြင့် အမေရိကန်အသင်းကို အနိုင်ရကာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။

ပဲရစ်မြို့ Les Invalides ရှိ လေးပစ်ပြိုင်ပွဲကွင်း၌ တရုတ်လက်ရွေးစင် ကျန်းထျန်းရှင်းနှင့် ချန်မင်ရီတို့က အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲအဖွဲ့လိုက် W1 အဆင့် ပြိုင်ပွဲတွင် ကိုရီးယားအသင်းကို ဆီမီးဖိုင်နယ်တွင် ပထမဦးစွာ ၁၄၅ : ၁၃၉ ဖြင့် အနိုင်ရခဲ့ကာ ဗိုလ်လုပွဲတွင် ချက်ကီယားအသင်းကို ၁၄၇ : ၁၄၃ ဖြင့် အနိုင်ရခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ ရမှတ် ၁၄၇ မှတ် သည် ချက်ကီယားအသင်းမှ ယခင်ကရရှိထားသော မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ၏ စံချိန်ကို ချိုးခဲ့သည်။ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲအဖွဲ့လိုက် Compound Open ကွာတားဖိုင်နယ်ပွဲတွင် တရုတ်အသင်းမှ ကျိုးကျားမင်၊ အိုက်ရှင်းလျန့်နှင့် အီတလီလက်ရွေးစင် အားလုံးက ရမှတ် ၁၅၁ မှတ်ရရှိပြီး ထပ်တိုးပွဲတွင်လည်း သရေကျနေဆဲဖြစ်ရာ နောက်ဆုံး အီတလီအသင်းသည် ပစ်မှတ်မျက်နှာပြင်နှင့် ပိုနီးသော အားသာချက်ဖြင့် အဆင့်တက်သွားပြီး တရုတ်အသင်းမှာ ပြိုင်ပွဲမှ နှမြောဖွယ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ပြေးခုန်ပစ်ပြိုင်ပွဲနေ့တွင် စုစုပေါင်း ရွှေတံဆိပ် ၁၃ ခု ပေါ်ပေါက်ခဲ့ရာ ဘရာဇီး၊ အဇာဘိုင်ဂျန်၊ မက္ကဆီကိုနှင့် ထိုင်းနိုင်ငံစသည့် အသင်းများ အားလုံး ဆုတံဆိပ်ရရှိခဲ့သည်။ တရုတ်အသင်းက ငွေ ၁ ခုနှင့် ကြေး ၁ခု ရရှိခဲ့ရာ ဟဲစန်းစန်းက အမျိုးသမီး မီတာ ၁၅၀၀ T11 အဆင့်တွင် ငွေတံဆိပ်၊ ဟွမ်ကျွန့်က အမျိုးသား သံလုံးပစ် F41 အဆင့်တွင် ကြေးတံဆိပ် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် Boccia ဘောလုံး အမျိုးသမီး တစ်ဦးချင်း BC4 အဆင့် ဖိုင်နယ်ပွဲတွင် တရုတ် လက်ရွေးစင် လျင်ရှိမေ့က ၅:၁ ဖြင့် တရုတ်နိုင်ငံ ဟောင်ကောင် လက်ရွေးစင် ကျန်းယွမ်ကို အနိုင်ရကာ ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။ ………………………….
(Chinese Version)
残奥会赛程过半 中国队43金强势领跑
新华社巴黎9月2日电(记者单磊、陈地)巴黎残奥会2日赛程过半,中国代表团继续高歌猛进,已收获43金30银14铜,依旧高居奖牌榜首位。英国队紧随其后,有29金入账;美国队以13金排在第三。
羽毛球项目进入最后一个比赛日,中国选手肖祖贤在女单SL3级比赛中2:0击败印度尼西亚选手沙库尔奥,夺得金牌。程和芳在女单SL4级决赛中同样直落两盘,战胜印尼选手奥克提拉夺冠。在混双SH6级别决赛中,林乃利和李凤梅2: 0战胜美国组合夺冠。李凤梅还在女单SH6级决赛中击败队友林双宝,两人分获金、银牌。女单WH2级决赛也在两名中国队选手之间展开,刘禹彤和李红燕分获冠、亚军。
铁人三项只有一天赛程,共产生11枚金牌。美国选手夺得3金,法国、英国和西班牙队各得2金,其他两块金牌分别被澳大利亚和荷兰选手获得。铁人三项主要分轮椅、视觉障碍和站立三大类组别,在此之下再细分级别。
轮椅橄榄球也在2日落下帷幕。这个项目男女同队,只产生一枚金牌。决赛中,日本队以48:41击败美国队,获得冠军。
在巴黎荣军院的射箭赛场,中国选手张天鑫和陈敏仪在混合团体W1级比赛中,先是在半决赛以145:139击败韩国队,之后又在决赛中以147:143力压捷克队,夺得金牌。147环的成绩也打破了捷克队此前创造的残奥会纪录。在混合团体复合弓公开级四分之一决赛中,中国的周佳敏和艾新亮与意大利选手都取得151环的成绩,加赛依然是平局,最终意大利队凭借离靶心更近的优势晋级,中国队遗憾出局。
田径赛场当天共产生13块金牌,巴西、阿塞拜疆、墨西哥、泰国等队都有所斩获。中国队获得1银1铜,分别是何珊珊的女子1500米T11级银牌,和黄俊的男子铅球F41级铜牌。
另外,在硬地滚球女子个人BC4级决赛中,中国队选手林细妹5:1击败中国香港队选手张沅,获得金牌。(完)
图说:9月2日,冠军中国组合张天鑫(右)/陈敏仪在颁奖仪式上。新华社记者 侯俊 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.