China
နိုင်ငံခြားခရီးသွားများ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ကာလအတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြ
ပေကျင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
“တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် – တရုတ်ပြည်သူများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုကျင်းပသည့် လူမှုလှုပ်ရှားမှုများ” သည် ၂၀၂၄ ခုနှစ်တွင် ယူနက်စကိုအဖွဲ့၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ တရုတ်ပြက္ခဒိန်အရ မြွေနှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ပြီးနောက် ပထမဆုံးကျင်းပသည့် နွေဦးပွဲတော်ဖြစ်သည်။
တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်မူဝါဒများကို အဆက်မပြတ်ကောင်းမွန်အောင်ပြုပြင်၍ နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ လာရောက်ရာတွင် အဆင်ပြေစေမည့် အစီအမံများ ဖော်ဆောင်လာသည်နှင့်အမျှ ခရီးသွားရန်၊ စီးပွားရေးလုပ်ကိုင်ရန်၊ ပညာတော်သင်ရန်အတွက် တရုတ်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ ပိုမိုများပြားလာသည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားအများအပြားသည် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်နှင့် “အမှတ်မထင်ကြုံတွေ့” ကာ တစ်မူထူးခြားသော တရုတ်နိုင်ငံခရီးစဉ်ကို ခံစားလျက်ရှိပေသည်။ (Xinhua)
………………………..
(Chinese Version)
新华全媒+丨老外新春游中国
新华社照片,北京,2025年1月31日
2024年,“春节——中国人庆祝传统新年的社会实践”成功列入联合国教科文组织人类非物质文化遗产代表作名录。农历乙巳蛇年春节成为申遗成功后的首个春节。
随着中国不断优化免签政策,推行便利外国人来华措施,越来越多外国人来华旅游、经商、访学。春节期间,许多来华外籍人士“偶遇”春节,感受别样中国行。
图说1:意大利的游客皮耶罗(右)和玛格丽塔在北京天坛祈年殿前合影留念(1月30日摄)。新华社记者 鞠焕宗 摄
图说2:1月31日,在北京鼓楼东大街,来自马来西亚的一家游客与钟鼓楼合影留念。