Connect with us

NPC

နိုင်ငံခြားရေးလုပ်ငန်းများအား အစိုးရအစီရင်ခံစာတွင် လီချန် ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြဖတ်ကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မတ် ၅ ရက်က အစိုးရလုပ်ငန်း အစီရင်ခံစာ တင်သွင်းဖတ်ကြားရာတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသည့် ငြိမ်းချမ်းသော နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာ လက်ကိုင်ထားခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အခိုင်အမာလျှောက်လှမ်းခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားဖော်ဆောင်သည့် တံခါးဖွင့်မဟာဗျူဟာကို အခိုင်အမာ ကျင့်သုံးရမည် ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အင်အားသုံးနိုင်ငံရေးကို ဆန့်ကျင်ကြောင်း၊  တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်ခြင်းဖြင့် နိုင်ငံတကာ တရားမျှတရေး၊ ဓမ္မဓိဋ္ဌာန်ကျရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ တန်းတူညီမျှ စနစ်ကျသည့် ကမ္ဘာဗဟုအသွင်ပြောင်းရေး၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေးကို ဦးဆောင်အဆိုပြုကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI) ၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက် (GCI) များကို အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သည့် သာယာလှပသော အနာဂတ်ကို အတူတကွ ဖန်တီးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယုံကြည်ချက်ဖြင့် အင်အားများကို စုစည်းပြီး လက်တွေ့ဆောင်ရွက်မှုဖြင့် တောက်ပသည့်အခန်းကဏ္ဍကို ရေးခြယ်သွားမည် ဖြစ်ကြောင်း လီချန်က နောက်ဆုံးတွင် ပြောကြားခဲ့သည်။
မိမိတို့သည် ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီဗဟိုကော်မတီနှင့် ပို၍ နီးကပ်စွာ သွေးစည်းညီညွတ်ရမည် ဖြစ်ကြောင်း၊ တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ၏ ကြီးမြတ်သည့်အလံကို မြင့်မြင့်ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိလျက် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ ခိုင်မာသော ဇွဲနပဲဖြင့် တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန်များကို ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ပြီးပြည့်စုံစွာ ပိတ်သိမ်းနိုင်အောင် အာမခံရမည်ဖြစ်ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့်အင်အားကြီးနိုင်ငံတည်ဆောက်မှု၊ အမျိုးသား မဟာဖွံ့ဖြိုးတိုးတက်ရေး ဟူသော ကြီးမြတ်သောလုပ်ငန်းများကို ဘက်စုံတွန်းအားပေးရေးအတွက် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
两会受权发布|李强在政府工作报告中谈外交工作
新华社北京3月5日电 国务院总理李强5日在政府工作报告中指出,我们要坚持独立自主的和平外交政策,坚持走和平发展道路,坚定奉行互利共赢的开放战略,反对霸权主义和强权政治,反对一切形式的单边主义、保护主义,维护国际公平正义。中国愿同国际社会一道,倡导平等有序的世界多极化、普惠包容的经济全球化,推动落实全球发展倡议、全球安全倡议、全球文明倡议,积极参与全球治理体系改革和建设,推动构建人类命运共同体,共创世界和平发展的美好未来。
李强最后表示,信心凝聚力量,实干谱写华章。我们要更加紧密地团结在以习近平同志为核心的党中央周围,高举中国特色社会主义伟大旗帜,以习近平新时代中国特色社会主义思想为指导,迎难而上、锐意进取,努力完成全年经济社会发展目标任务,确保“十四五”规划圆满收官,为以中国式现代化全面推进强国建设、民族复兴伟业不懈奋斗!(完)
1. 3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。国务院总理李强作政府工作报告。 新华社记者 刘彬 摄