Connect with us

CPPCC

ခေတ်မီအသွင်ကူးပြောင်းမှုအတွက် ခွန်အားများစုပေါင်းပါဝင်လျက် တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြီးစီး

တရုတ်နိုင်ငံ ခေါင်းဆောင်များဖြစ်သော ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် မတ် ၁၀ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ နှစ်ပတ်လည်အစည်းအဝေးကို မတ် ၁၀ ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ နိုင်ငံရေးအတိုင်ပင်ခံများအနေဖြင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ကူးပြောင်းမှု အဆင့်မြှင့်တင်ရေးအတွက် စည်းလုံးညီညွတ်မှု မြင့်မားစေရန်နှင့် ခွန်အားများ စုပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သော CPPCC ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ ခေါင်းဆောင်များဖြစ်သော ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ၂,၀၀၀ ကျော်လည်း ပါဝင်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကို CPPCC ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် CPPCC ပြည်လုံးဆိုင်ရာကော်မတီ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ ဆုံးဖြတ်ချက်၊ ယခင်နှစ်ပတ်လည်အစည်းအဝေးမှစ၍ နိုင်ငံရေးအတိုင်ပင်ခံများမှ မည်ကဲ့သို့ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပြုချက်များဆိုင်ရာ လုပ်ငန်းအစီရင်ခံစာ ဆုံးဖြတ်ချက်၊ အဆိုပြုချက်အသစ်များ အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းအစီရင်ခံစာနှင့် CPPCC ပြည်လုံးဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တို့ကို အတည်ပြုခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းနှင့် CPPCC တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်လည်းဖြစ်သည်။ လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအောက်တွင် CPPCC သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ဆောက်ခြင်းနှင့် တိုးတက်ခြင်း၊ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ရှာဖွေခြင်းနှင့် တရုတ်နိုင်ငံတော်အိပ်မက်ကို အကောင်အထည်ဖော်ခြင်း အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဂုဏ်ယူဖွယ်ခရီးလမ်းကို ဖြတ်သန်းခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s top political advisory body concludes annual session, pooling strength for modernization
BEIJING, March 10 (Xinhua) — The Chinese People’s Political Consultative Conference (CPPCC) National Committee, China’s top political advisory body, concluded its annual session on Sunday, calling on political advisors to contribute to great unity and solidarity and pool strength for advancing Chinese modernization.
Chinese leaders Xi Jinping, Li Qiang, Zhao Leji, Cai Qi, Ding Xuexiang, Li Xi, and Han Zheng attended the closing meeting of the second session of the 14th CPPCC National Committee at the Great Hall of the People in Beijing, which gathered more than 2,000 political advisors.
The meeting was presided over by Wang Huning, chairman of the CPPCC National Committee.
A resolution on a work report of the Standing Committee of the CPPCC National Committee, a resolution on a report on how the proposals from political advisors had been handled since the previous annual session, a report on the examination of new proposals, and a political resolution on the second session of the 14th CPPCC National Committee were approved at the meeting.
The year 2024 marks the 75th anniversary of the founding of the People’s Republic of China and the CPPCC’s establishment. Wang said that over the past 75 years, the CPPCC, under the leadership of the CPC, has traversed a glorious course in its efforts toward founding and developing the People’s Republic of China, exploring the path of reform, and realizing the Chinese Dream.
Photo 1: Chinese leaders Xi Jinping, Li Qiang, Zhao Leji, Cai Qi, Ding Xuexiang, Li Xi, and Han Zheng attend the closing meeting of the second session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC) at the Great Hall of the People in Beijing, capital of China, March 10, 2024. (Xinhua/Huang Jingwen)
Photo 2: The closing meeting of the second session of the 14th National Committee of the Chinese People’as Political Consultative Conference (CPPCC) is held at the Great Hall of the People in Beijing, capital of China, March 10, 2024. (Xinhua/Ding Haitao)