Connect with us

Media

ပါကစ္စတန်နိုင်ငံ၏ ၁၄ ဦးမြောက် သမ္မတအဖြစ် ဇာဒါရီ ကျမ်းသစ္စာကျိန်ဆို

အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ ၁၄ ဦးမြောက် သမ္မတအဖြစ် အဆစ်ဖ် အလီ ဇာဒါရီသည် မတ် ၁၀ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သည့် အခမ်းအနားတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ခံသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းအား ပါကစ္စတန်တရားသူကြီးချုပ် Qazi Faez Isa က စီမံဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ ရာထူးမှ စွန့်ခွာမည့် သမ္မတ Arif Alvi ၊ ဝန်ကြီးချုပ် Shahbaz Sharif ၊ စစ်တပ်အကြီးအကဲများ ၊ နိုင်ငံရေးသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဇာဒါရီက ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတအဖြစ် ယခုအခါ ဒုတိယအကြိမ် ထပ်မံ တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းတွင် သမ္မတရာထူးကို ဒုတိယအကြိမ် ထမ်းဆောင်နိုင်ခဲ့သည့် ပထမဆုံး အရပ်သားလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Zardari takes oath as 14th president of Pakistan
Asif Ali Zardari took oath as the 14th president of Pakistan during a ceremony held at the President’s House on Sunday, according to a statement from the President’s Office.
Chief Justice of Pakistan Qazi Faez Isa administered the oath of office to the newly-elected president at the ceremony attended by the outgoing President Arif Alvi, Prime Minister Shahbaz Sharif, chiefs of the armed forces, politicians and foreign dignitaries.
This is 68-year-old Zardari’s second term as president after he served as the country’s 11th president from 2008 to 2013. He is also the first civilian who reached this position for the second time in the country’s history.
Xinhua News Agency correspondents reporting from Islamabad.(XHTV)