Connect with us

Economy

၂၀၁၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူပြုရေး ဆောင်ရွက်သွားရန် ACMECS ထိပ်သီး အစည်းအဝေးမှ ထုတ်ပြန်

၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေး ပွဲတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူ ပြုရေးတို့အား ဆောင်ရွက်သွားရန် ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ ထိပ်သီး အစည်းအဝေး (ACMECS) မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍများ တိုးမြှင့်ရေးအား ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (ACMECS ) ထိပ်သီး အစည်းအဝေး၏ နေပြည်တော် ကြေညာစာတမ်းတွင် ပါရှိသည်။

နယ်စပ် ကုန်သွယ်ရေး တိုးမြှင့် ဖြစ်ထွန်းရေး အတွက် ACMECS နိုင်ငံများကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရန်နှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရရှိရေး အတွက် ACMECS နိုင်ငံအချင်းချင်း သော်လည်းကောင်း၊ ဒေသတွင်း နိုင်ငံများမှ သော်လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ရရှိရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးပွဲမြင်ကွင်း (ဆင်ဟွာ)

ACMECS နိုင်ငံများကြား စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတွင် ACMECS နိုင်ငံများ အတွက် ဆန်စပါး ပူးပေါင်းဆောင်ရွက်ရေး ယန္တရား အကောင်အထည်ဖော်ရေး မြန်ဆန်စေရန်နှင့် စားနပ်ရိက္ခာ လုံလောက်မှု ရှိစေရန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် နည်းပညာ အချက်အလက်များ အတွက်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော် ကြေညာစာတမ်းတွင် ပါရှိသည်။

ACMECS နိုင်ငံများကြား နယ်စပ်ဒေသများတွင် စက်မှုဇုံ၊ အထူးနှင့် သီးသန့် စီးပွားရေး ဇုံများ တည်ထောင်ရေး နှင့် အခြား အရှေ့အနောက် စီးပွားရေး စြင်္က ံ ၊ တောင်-မြောက် စီးပွားရေး စြင်္က ံ နှင့် တောင်ဘက်ခြမ်း စီးပွားရေး စြင်္က များ တစ်လျှောက် အလားအလာရှိသော ဒေသများနှင့် Green Growth နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား ဦးတည်ဆောင်ရွက်သည့် စြင်္က ံများ အချင်းချင်း ဆက်သွယ်ရေး “Inter- corridor Linkages” များ တည်ထောင်ခြင်းကို တိုက်တွန်းအားပေး သွားမည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဧရာဝတီ၊ ကျောက်ဖယား နှင့် မဲခေါင်မြစ်များ၏ သဘာဝ သယံဇာတများကို စဉ်ဆက်မပြတ် အသုံးပြု သွားနိုင်ရေးတို့အတွက် ACMECS အဖွဲ့ဝင် နိုင်ငံများ ပိုမိုပူးပေါင်း ဆောင်ရွက် သွားကြမည်ဟု ၆ ကြိမ်မြောက် ACMECS အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်းလည်း ပါရှိသည်။

ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နှင့် ပက်သက်၍ ACMECS အဖွဲ့ဝင် နိုင်ငံများကြား နယ်စပ် ဖြတ်ကျော် ခရီးသွားလာမှုကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ဈေးကွက် မြှင့်တင်ရာတွင် ပူးတွဲဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
၇ ကြိမ်မြောက် ACMECS ထိပ်သီး အစည်းအဝေးကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.