Connect with us

Politics, Law & Military

မြန်မာ နိုင်ငံတွင် ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီး အစည်းအဝေးများသို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် တက်ရောက်မည်

မဲခေါင်မြစ် မြင်ကွင်း (ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော်တွင် ဇွန်လ ၂၂ ရက် နေ့ ကနေ ၂၃ ရက်နေ့အထိ ကျင်းပမည့် ထိပ်သီး အစည်းအဝေးများသို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen သည် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ကို ဦးဆောင်ကာ တက်ရောက် မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန် ကြေငြာသည်။

ထိပ်သီး အစည်းအဝေးများတွင် ၆ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖယား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေး ၊ ACMECS ခေါင်းဆောင်များ နှင့် စီးပွားရေး ကဏ္ဍ ဆွေးနွေးပွဲနှင့် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေး တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်း ထိပ်သီး အစည်းအဝေး ပြီးဆုံး လျှင် CLMV ခေါင်းဆောင်များ သည် ၇ ကြိမ်မြောက် CLMV ထိပ်သီး အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်ကို ထုတ်ပြန်မည်ဖြစ်ပြီး ACMECS နိုင်ငံ ခေါင်းဆောင် များသည် နေပြည်တော် ကြေငြာစာတမ်းနှင့် ACMECS ၏ ၂၀၁၆-၂၀၁၈ ခုနှစ် အစီအစဉ်ကို ထုတ်ပြန် သွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

ACMECS တွင် ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ ပါဝင် သည်။ ACMECS မှ ကဏ္ဍ ၈ ခု တွင် ပူးပေါင်း ဆောင်ရွက်နေ ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ၊ စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်း နှင့် စွမ်းအင် ၊ သယ်ယူပို့ဆောင်ရေး ၊ ခရီးသွား လုပ်ငန်း ၊ လူသားအရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး ၊ ပြည်သူ့ ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ ပါဝင်သည်။ (Xinhua)