ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ၁၁၃၈၆.၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆၁.၈၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တူးဖော်တွေ့ရှိသော တန်ချိန် ၂၁ဝ ရှိ မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံးကြီးတစ်တုံးကို ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချမည်ဖြစ်ကြောင်း အဆိုပါပြပွဲကျင်းပရေးထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်း စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာန (Credit Bureau) တည်ေထောင်ခွင့်ပြုသည့် ဥပဒေ ပြဌာန်းနိုင်ခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ကြီးကြပ် ကွပ်ကဲမှုကို တိုးတက်စေခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ...
နေပြည်တော် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌ မစ္စတာ ကျင်းလိချွင်(Jin Liqun)က ယနေ့အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။...
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာသီလဝါ SEZ Holdings Public လီမိတက်၏ အစုရှယ်ယာ မှတ်ပုံတင်စာရင်းနှင့် ရန်ကုန်စတော့အိတ် ချိန်း၌ကုမ္ပဏီ၏ အစုရှယ်ယာရောင်းဝယ်မှုများအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်တွင်း/ပြည်ပများတွင် အလုပ်လုပ်ကိုင်ရန်အတွက် စက်တင်ဘာလအတွင်း လုပ်သား သုံးသောင်းကျော် ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမားရှာဖွေ ရေးရုံးထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလော ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည်အားကောင်းလာကြောင်း မြန်မာနိုင်ငံတွင် မုန်တိုင်းစက်ဝန်းအတွင်း ကျရောက်သည့် ဒေသများကို ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ .၃ ဘီလီယံကျော်ရှိပြီး ပို့ကုန်များ ထဲတွင် အများဆုံး ပို့ကုန်အဖြစ် ရပ်တည်နေကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြား သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင်များက ခေတ္တရပ်နားထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။