Connect with us

Local

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၉၇၃ တွဲကို ယူရိုငွေ ၃၈.၅၃ဝ သန်း ဖြင့် ရောင်းချခဲ့ရ

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ပဉ္စမနေ့ ဖြစ်သည့် ဇွန် ၂၄ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၉၇၃ တွဲကို ယူရိုငွေ ၃၈.၅၃ဝ သန်းဖြင့် ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။

ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲအမှတ်(၁)မှ (၁၁၅ဝ)အထိ အတွဲပေါင်း (၁၁၅ဝ) တွဲကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲ ပေါင်း ၉၇၃ တွဲကို ယူရိုငွေ ၃၈.၅၃ဝ သန်းဖြင့် ရောင်းချ ခဲ့ရ ကြောင်း သိရသည်။

ထိုအတူ ကျောက်စိမ်း အတွဲ အမှတ် (၁၁၅၁) မှ (၂၃၀၀) ထိကို ဇွန် ၂၅ ရက်တွင် ဆက်လက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

ထို့ပြင် ပြပွဲတွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်မျက်အတွဲပေါင်း ၃၃၆ တွဲကို ရောင်းချခဲ့ရာ ကျောက်မျက် အတွဲပေါင်း ၆၉ တွဲအား ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးဖြင့် ရောင်းချခဲ့ရပြီး ပုလဲအတွဲပေါင်း ၃၆၀ တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း ၃၄၁ တွဲကို တန်ဖိုး ယူရို ၂.၅၉၈ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117