ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်းသည် စားသုံးသူများအတွက် ပိုမိုကောင်းမွန်၍ ရွေးချယ်စရာ ပိုမိုများလာခြင်းဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ (၁၇) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၊ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပခဲ့သည်။
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၇၁၁.၇၁၇ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ၏ စီးပွားရေးဗဟိုချက်မဖြစ်ပြီး တစ်နိုင်ငံလုံး GDP ၏ ၂၃ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး၏ ဆွေးနွေးချက်အရသိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ) ကို ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးခဲ့သည်။
မနီလာ ၊ မေ ၃ ရက် (ဆင်ဟွာ) အာဆီယံ + ၃ မဟာစီးပွားရေး သုတေသန ဌာန (AMRO) ၏ မေလ ၃ ရက်နေ့၌ ထုတ်ပြန် ခဲ့သည့် “၂၀၁၈ ခုနှစ် အရှေ့အာရှ ဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာ”...
ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) ရန်ကုန်မြို့အား အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟို အချက်အချာ နေရာ တစ်ခု ဖြစ်လာစေရန် ကြိုးပမ်း အား ထုတ်သည့် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သည် စီးပွားရေး အခွင့်အလမ်းများ ပိုမို ကျယ်ပြန့် လာစေရန် ရန်ကုန်...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာများအား ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေရန် ခြောက်လုံးဆင့် တင်နိုင်မည့် စက်ယန္တရား ၁၄ စီး တပ်ဆင်အသုံးပြုနေကြောင်း Asia World Port Terminal၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းသည် ဗဟိုဘဏ်မှ မူလသတ်မှတ်ထားသည့် ဘောင်အတွင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆင်ဟွာ ကိုပြောသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးရှိ မြို့သာစက်မှုဥယျာဉ်မြို့တော်လုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ခြောက်ခုဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။