Connect with us

Local

ကမ်းခြေများသို့ ယာဉ်တန်းဖြင့် သွားရောက်မည့်ခရီးစဉ်တစ်ခု ဖော်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထား

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်နေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အနေဖြင့် ခရီးသွားကဏ္ဍ စနစ်တကျပြန်လည်ဦးမော့ရန်ဖော်ဆောင်သည့် အနေ
ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရှိ ကမ်းခြေများသို့ ယာဉ်တန်းဖြင့် သွားရောက်မည့်ခရီးစဉ်တစ်ခု ဖော်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

“ကိုယ်ပိုင်ကားလေတွေ နဲ့ သွားမယ့်ယာဉ်တန်းခရီးစဉ်ပါ။ ကားတစ်စီးမှာ ၄ ယောက်ပါမယ်။ ကိုယ်ပိုင်ကားတွေ တန်းစီမောင်းပြီး ကမ်းခြေကို ယာဉ်တန်းနဲ့ သွားမယ်။ သတ်မှတ်တဲ့နေရာမှာတည်းမယ်။ ယာဉ်တန်းရဲ့ထိန်းချုပ်မှုနဲ့ သွားမယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံချက်တွေ အသေးစိတ်တောင်းတယ်။ ဆက်လက်ပြီး လက်ခံနိုင်မယ့်ဟိုတယ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကစိစစ်ပြီး COVID-19 အတွက်လုံခြုံရင် ကျွန်တော်တို့ ဆောင်ရွက်လို့ရပါပြီ။’’ ဟု ၎င်းကဆိုသည်။

အဆိုပါ ခရီးစဉ်တွင် ငွေဆောင်၊ ချောင်းသာမှအပ အခြားသောအပန်းဖြေနေရာ များသို့ သွားလာခွင့်မရှိအောင် ထိန်းချုပ် ကွပ်ကဲသွားမည်ဖြစ်ပြီး မိမိကိုယ်ပိုင်ယာဉ်ဖြင့် မိသားစု၊ ဆွေမျိုးမိတ်ဆွေများနှင့် သွားလာခြင်းဖြစ်သော ကြောင့် ရောဂါကာကွယ်ရေးအတွက် လုံခြုံစိတ်ချမှုကို ရရှိစေမည်ဖြစ်ကြောင်း၊ COVID-19 ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ ယင်းခရီးစဉ်အားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.