Connect with us

World

အမေရိကန် နိုင်ငံ က ကုန်သွယ်ရေး စစ်ပွဲ စတင်လိုက်ခြင်း သည် သူတစ်ပါး အား ထိခိုက်ယုံသာမက မိမိ နိုင်ငံ တွင်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် မတ်လ ၈ ရက်နေ့၌ သံ ၊ သံမဏိ နှင့် အလူမီနီယမ် သွင်းကုန် များအပေါ် အခွန်ကောက်ယူမှု တိုးမြှင့်မည် ဖြစ်ကြောင်း ကြေညာချက်တွင် လက်မှတ်ရေးထိုး ခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ ကုန်သွယ်ရေး စစ်ပွဲ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်း သည် အခြား နိုင်ငံများ အပေါ် ထိခိုက် နစ်နာမှု များ ဖြစ်ပွား စေမည် ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက် ကြောင့် အမေရိကန် နိုင်ငံ တွင်လည်း ဆုံးရှုံးနစ်နာမှု များ ဖြစ်ပွား စေမည် မှာ သေချာသည် ဟု ဆိုရမည် ဖြစ်ပါသည်။

ယခုနှစ် နှစ်ဆန်းပိုင်း မှ စတင်၍ အမေရိကန် နိုင်ငံ အစိုးရ က ကုန်သွယ်ရေး ကာကွယ်မှု ဆောင်ရွက်ချက် များကို အဆက်မပြတ် လုပ်ဆောင်လာခဲ့ပြီး နေရောင်ခြည် မှ လျှပ်စစ်စွမ်းအာင် ထုတ်လုပ်သည့် ပစ္စည်း (Photovoltaic) ၊ သံ နှင့် သံမဏိ စသည့် သွင်းကုန်များ နှင့် ပတ်သက်၍ ကုန်သွယ်ရေး ပိုင်းတွင် ကယ်တင်မှုများ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ် ခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း မတ်လ ၇ ရက်နေ့၌ ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ၌ တွင် တရုတ် နိုင်ငံအား ယခုနှစ်အတွင်း တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှု ကွာဟချက်အား အမေရိကန် ဒေါ်လာ ၁ ဘီလီယံ လျော့ကျ သွားစေရန် ဆောင်ရွက်ပေးရမည် ဟု တောင်းဆိုမှုများ ပြုလုပ် ခဲ့သည်။ တစ်ဆက်တည်း တွင် အမေရိကန် နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ သို့ တင်သွင်းသည့် သံ ၊ သံမဏိ နှင့် အလူမီနီယမ် ထုတ်ကုန် များအပေါ် ဘက်စုံ အခွန် တိုးမြှင့်ကြောင်း ကြေညာ ခဲ့ပြီး သံ နှင့် သံမဏိ အား ၂၅ ရာခိုင်နှုန်း ၊ အလူမီနီယမ် အား ၁၀ ရာခိုင်နှုန်း အဖြစ် သွင်းကုန် အခွန် ကောက်ခံမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ် ခဲ့သည်။

အမေရိကန် နိုင်ငံ အနေဖြင့် ယင်းဆောင်ရွက်မှုများမှ တစ်ဆင့် တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ အကြား ကုန်သွယ်ရေး ကွာဟမှု ဖြစ်ပေါ်နေသည် ကို လျှော့ချရန် ရည်ရွယ်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ကုန်သွယ်ရေး ညီမျှမှု ရှိမရှိ ကို တွက်ချက်ရာတွင် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး နှစ်ရပ်လုံးအား ထည့်သွင်း တွက်ချက်ရမည် ဖြစ်သော်လည်း အမေရိကန် နိုင်ငံ အနေဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေး အား ထည့်သွင်း တွက်ချက်ခြင်း မပြုလုပ်သည် ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် နှစ်စဉ် အမေရိကန် နိုင်ငံ အစိုးရ ၏ တွက်ချက်မှု များ ထုတ်ပြန်ချိန်တိုင်းတွင် တရုတ် နိုင်ငံ နှင့် ကုန်သွယ်မှုပိုင်း တွင် အနုတ် ၂၀ ရာခိုင်နှုန်း ခန့် ပြလေ့ရှိသည် ကို တွေ့ရှိခဲ့ရ သည်။ ယင်းကဲ့သို့သော မိမိ လိုလားသည့် ကိန်းဂဏန်း ရရှိရန် အတွက် တွက်ချက်မှု ပုံစံ အား ရွေးချယ် ဆောင်ရွက်ခြင်းသည် ပင်ကိုယ် အားဖြင့် တရားမျှတမှု နှင့် ဘက်မလိုက်မှု ကင်းမဲ့ကြောင်း ကို ထင်ရှားစွာ တွေ့မြင် ရနိုင်သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံ ၏ ကုန်သွယ်မှု ညွှန်းကိန်း မညီမျှဖြစ်ပွား ရခြင်း မှာ တွက်ချက်မှု ကို လိုအပ်သလို ဆောင်ရွက်ခဲ့ခြင်းကြောင့် သာမဟုတ်ဘဲ အမေရိကန် နိုင်ငံ ၏ တရုတ် နိုင်ငံ သို့ အဆင့်မြင့် နည်းပညာ များ တင်ပို့မှု အား ထိန်းချုပ်ထားခြင်းကြောင့်လည်း ပါဝင်သည်။ အမေရိကန် နိုင်ငံ ရှိ သုတေသန အဖွဲ့အစည်း တစ်ခု၏ အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သို့ အဆင့်မြင့် နည်းပညာ တင်ပို့မှု ကန့်သတ်ချက် အား လျှော့ပေါ့ပေးခဲ့ပါက နှစ်နိုင်ငံ ကုန်သွယ်ရေး မညီမျှမှု ကို ၃၅ ရာခိုင်နှုန်း ခန့် လျှော့ချပေး နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး မညီမျှမှု ကို ဖြေရှင်းလိုပါက တရုတ် နိုင်ငံ သို့ တင်ပို့ သည့် ပို့ကုန်များ ထိန်းချုပ်မှုအား သိသာထင်ရှား ပြီး လက်တွေ့ကျသော ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် ပါသည်။

ထို့ပြင် သတိ ပြုရမည့် အရေးပါသည့် အချက် တစ်ချက် မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး တွင် တရုတ် နိုင်ငံ က ကုန်သွယ်ရေးပိုငွေ ပြနေသော်လည်း လက်တွေ့ အကျိုးအမြတ်ပိုင်း ဆိုင်ရာ တွင် အမေရိကန် နိုင်ငံ ဘက်တွင် အပေါင်း လက္ခဏာ ပေါ်နေခြင်း ဖြစ်သည်။ စာရင်း ပြုစုချက် များအရ တရုတ် နိုင်ငံ မှ ပိုငွေ ပြနေသည့် ကုန်ပစ္စည်း ကုန်သွယ်ရေး တွင် ၅၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှင့် ကုန်ချောထုတ်လုပ်မှု ကုန်သွယ်ရေး (processing trade) တို့မှ ရရှိခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ်မှု ဖြစ်စဉ် တစ်ခု လုံးတွင် တရုတ် နိုင်ငံ အနေဖြင့် လုပ်အားခ အနည်းငယ် သာ အကျိုးအမြတ် အဖြစ်ရရှိခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဒီဇိုင်းရေးဆွဲခြင်း မှစ၍ ပစ္စည်း ကိရိယာ များ တင်ပို့ခြင်း မှ နောက်ဆုံး ဈေးကွက် ဖြန့်ချီ သည် အထိ အကျိုးအမြတ်များ ကြီးမား စွာရရှိခဲ့သည်။ အကယ်၍သာ ကုန်ပစ္စည်း ကုန်သွယ်ရေး ၊ ဝန်ဆောင်မှု ကုန်သွယ်ရေး နှင့် နိုင်ငံတကာ ကုမ္ပဏီ ၏ ပြည်ပရောင်းချမှု အခြေအနေ များကို ခြုံငုံသုံးသပ် ပါက တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေး အကျိုးအမြတ် ညွှန်းကိန်း သည် ယေဘုယျ အားဖြင့် ညီမျှမှု ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ၏ ကုန်သွယ်ရေး ကာကွယ်မှု ဆောင်ရွက်ချက် များ နှင့် သိသာထင်ရှား စွာ ဆန့်ကျင် နေသည် မှာ တရုတ် နိုင်ငံ ၏ လက်ရှိချိန်တွင် ဆောင်ရွက်နေသော တံခါးဖွင့် ဆောင်ရွက်မှုများ ကို တိုးချဲ့ ဆောင်ရွက် ပေးနေခြင်း ပင်ဖြစ်သည်။ တရုတ် နိုင်ငံ အစိုးရ ၏ ၂၀၁၈ လုပ်ငန်း အစီရင်ခံစာ တွင် ဘက်စုံ တံခါးဖွင့် ဝါဒ အား တွန်းအားပေးရန် အတွက် နေရာချထားမှု များ ပြုလုပ်ထားသည် ကို တွေ့ရှိရမည် ဖြစ်သည်။ သာမန် ထုတ်လုပ်မှု လုပ်ငန်းများ အတွက် ဘက်စုံ တံခါးဖွင့်မှု ဆောင်ရွက် ပေးခြင်း ၊ ဆေးဝါး ကုသမှု ကဏ္ဍ နှင့် စွမ်းအင်သစ် မော်တော်ကား ကဏ္ဍ တို့ကို တံခါးဖွင့်မှု ဆောင်ရွက် ပေးခြင်း ၊ မော်တော်ကား နှင့် နေ့စဉ်သုံး ကုန်ပစ္စည်း အချို့ တို့၏ သွင်းကုန် ဆိုင်ရာ အခွန်များကို လျှော့ချပေးခြင်း စသည့် ဆောင်ရွက်မှု များသည် တရုတ် နိုင်ငံ အစိုးရ ၏ တံခါးဖွင့် ဝါဒ ဆောင်ရွက်ခြင်း အပေါ် ထားရှိသည့် စေတနာ များကို သိသာထင်ရှားစွာ တွေ့မြင် နိုင်မည် ဖြစ်သည်။

ကုန်သွယ်ရေး ကဏ္ဍ တွင် ပွတ်တိုက်မှုများ တိုးမြှင့်အောင် ဆောင်ရွက်ခြင်း က အမေရိကန် နိုင်ငံ အနေဖြင့် ရရှိသည့် အကျိုးအမြတ် ထက် ဆုံးရုံးမှု ပိုမို ဖြစ်ပွား သွားစေနိုင်သည်။ Peterson သုတေသန စင်တာ ၏ နောက်ဆုံး သုတေသန ထုတ်ပြန်ချက် အရ အမေရိကန် နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲ ပါက အမေရိကန် နိုင်ငံ ပြည်သူလူထု တို့အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄.၈ သန်း ဆုံးရှုံးမှု ဖြစ်ပွား စေမည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ က နှစ်စဉ် အမေရိကန် နိုင်ငံ မှ တင်သွင်း နေသည့် ပဲများ ၊ ဘိုအင်းလေယာဉ် ၊ မော်တော်ကား စသည့် ကုန်ပစ္စည်းများ သည် ကုန်သွယ်ရေး တင်းမားမှု တိုးမြှင့်လာမှုကြောင့် နဂို တည်ရှိနေပြီး ဖြစ်သည့် မှာယူမှုများကို ဆုံးရှုံးရနိုင်ဖွယ် ရှိသည်။ မိမိ နိုင်ငံ ၏ ဈေးကွက်ပြိုင်ဆိုင်မှု စွမ်းရည် နည်းပါးသည့် ကုန်ပစ္စည်းများအား တင်သွင်းမှု ကို ကန့်သတ် ခြင်းသည် နိုင်ငံတွင်း ကုန်ထုတ်လုပ်မှု နှင့် နေထိုင်သွားလာမှု အရင်းအနှီး ကို တိုးမြှင့် လာစေမည် ဖြစ်ပြီး နောက်ဆုံးတွင် ထိုဆိုးကျိုးများကို အမေရိကန် နိုင်ငံ ရှိ လုပ်ငန်း ကုမ္ပဏီ နှင့် ပြည်သူလူထု တို့ကသာ ခံစား သွားရမည် ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်ရေး စစ်ပွဲဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူး နှင့် ဆုံးရှုံးမှု သည် အလွယ်တကူ တွက်ချက် သိရှိနိုင် ပါသည်။

ကုန်သွယ်ရေး စစ်ပွဲ ဆောင်ရွက်ခြင်း သည် မည်သည့် အချိန်ကမှ ပြဿနာ ကို ဖြေရှင်းသည့် မှန်ကန် သော ဖြေရှင်းမှု နည်းလမ်း မဟုတ်ခဲ့ပါ။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပုံစံ ဖြစ်တည်နေသည့် လက်ရှိ အချိန်ကာလ ပိုင်းတွင် ကုန်သွယ်ရေး စစ်ပွဲ ဖြင့် ကုန်သွယ်ရေး မညီမျှမှု ကို ဖြေရှင်းရန် ရွေးချယ်ခြင်း သည် နောက်ဆုံး ရလာဒ် အနေဖြင့် သူတစ်ပါးအား ထိခိုက်စေပြီး မိမိ ကိုယ်တိုင်လည်း ဆုံးရှုံးနစ်နာမှု ဖြစ်ပွား စေမည် ဖြစ်သည်။ တရုတ် နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး စစ်ပွဲ ဆောင်ရွက်ရန် မလိုလားဘဲ ကုန်သွယ်ရေး စစ်ပွဲ ကိုလည်း စတင်ဆောင်ရွက်မည် မဟုတ်ပါ။ သို့သော် တရုတ် နိုင်ငံ အနေဖြင့် တစ်ဖက် နိုင်ငံ မှ ဆောင်ရွက်လာသည့် မည်သည့် စိန်ခေါ်မှုမျိုး ကို မဆိုရင်ဆိုင် သွားမည် ဖြစ်ပြီး နိုင်ငံတော် နှင့် ပြည်သူလူထု တို့၏ အကျိုးစီးပွား ကို ခိုင်မြဲစွာ ကာကွယ်စောင့်ရှောက် ပေးသွားမည်မှာ မလွဲဧကန် ဖြစ်သည်။(Xinhua)