Connect with us

World

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က အာဆီယံ နိုင်ငံများအတွက် အဆက်မပြတ် အကျိုးဖြစ်ထွန်းမှု များ ရရှိစေမည် ဖြစ်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြ

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု လမ်းကြောင်း မြေပုံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မေ ၃ ရက် (ဆင်ဟွာ)

အာဆီယံ + ၃ မဟာစီးပွားရေး သုတေသန ဌာန (AMRO) ၏ မေလ ၃ ရက်နေ့၌ ထုတ်ပြန် ခဲ့သည့် “၂၀၁၈ ခုနှစ် အရှေ့အာရှ ဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာ” တွင် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ကြောင့် အာဆီယံ နိုင်ငံ များ အနေဖြင့် အကျိုးကျေးဇူးများ အဆက်မပြတ် ရရှိစေမည် ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

အစီရင်ခံစာတွင် တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်သွားနိုင်ပြီး အနာဂတ် ၅ နှစ်တာ ကာလ အတွင်း အမေရိကန် ဒေါ်လာ ၆၀၀ ဘီလီယံ မှ ၈၀၀ ဘီလီယံ အထိ တိုးမြှင့်သွားဖွယ်ရှိကြောင်း ၊ ယင်းရင်းနှီးမြှုပ်နှံမှု များက အာဆီယံ ဒေသ စီးပွားရေး အသိုက်အဝန်း အား စွမ်းအင်ထောက်ပံ့မှုကဏ္ဍ ၊ အခြေခံအဆောက်အဦ အပြန်အလှန် ချိတ်ဆက်မှု ကဏ္ဍ နှင့် ဒေသတွင်း ပေါင်းစပ်မှု စသည် တို့တွင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အစီရင်ခံစာ တွင် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု သည် အာဆီယံ နိုင်ငံများရှိ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု များကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ၊ စီးပွားရေး ဆိုင်ရာ တွက်ချက်မှုများ မှ ရရှိသည့် ကိန်းဂဏန်း များအရ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု များ က အာဆီယံ ဒေသ အခြေခံအဆောက်အဦ တည်ဆောက်ရေး အတွက် ငွေကြေးလိုအပ်ချက် ၂၀ ရာခိုင်နှုန်း ကို ဖြည့်စွက် နိုင်ပါက ယင်းရင်းနှီးမြှုပ်နှံမှုများကြောင့် အနာဂတ် ၂ နှစ်တာ ကာလ အတွင်း အာဆီယံ ဒေသ GDP ၏ ဝ.၃ ရာခိုင်နှုန်း နှင့် ညီမျှ သော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကို မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ပါဝင်သည်။

အာဆီယံ + ၃ မဟာစီးပွားရေး သုတေသန ဌာန က အာဆီယံ ၁၀ နိုင်ငံ နှင့် တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား နိုင်ငံ တို့မှ အတူတကွ ထူထောင်ခဲ့သည့် ဒေသဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဌာနချုပ် မှာ စင်္ကာပူ နိုင်ငံတွင်တည်ရှိသည်။ ယင်းအဖွဲ့အစည်း ထူထောင်ရသည့် ရည်ရွယ်ချက်မှာ ဒေသတွင်း စီးပွားရေး နှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ကို ထိန်းသိမ်းရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)