Connect with us

Environment, Disasters & Accidents

ကမ္ဘာအနှံ့မှ ပန်ဒါများ အရွယ်ရောက်လာလျှင် တရုတ်နိုင်ငံသို့ ပြန်ပို့ရသည့် အကြောင်းရင်း


နယူးယောက် ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ယခုအခါ အသက် ၃နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ပန်ဒါလေးပေါင်ပေါင် ဟာ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်တော့ မရခဲ့ပါဘူး။ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် ဖေဖော်ဝါရီ ၂၂ ရက်မှာ တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပိုင်နက်အတွင်း မှာ မွေးဖွားသူတိုင်း အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာမယ်လို့ ဖော်ပြထားသော လူတွေအတွက်ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်မူဝါဒနဲ့ မတူဘဲ ပန်ဒါကြီးမျိုးများရဲ့ နိုင်ငံသားဖြစ်ခွင့်ကတော့ အခြားမူဝါဒတစ်ခုကို လိုက်နာကြရပါတယ်။အမှန်တကယ်တော့ ကမ္ဘာအနှံ့မှာ ရှိနေတဲ့ ပန်ဒါအများစုဟာ တရုတ်နိုင်ငံကနေ ငှားရမ်းပေးထားတဲ့ ပန်ဒါတွေဖြစ်ကြပြီး ၎င်းတို့ကနေ မွေးဖွားလာတဲ့ ပန်ဒါငယ်လေးများကို အသက်လေးနှစ်မတိုင်ခင် မျိုးဆက်ပြန့်ပွားဖို့အတွက် တရုတ်နိုင်ငံ ရဲ့ ထိန်းသိမ်းမွေးမြူရေး အစီအစဉ်သို့ ပြန်လည်ပို့ဆောင် ပေးကြရပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့သည့် ပန်ဒါပေါင်ပေါင်အားတွေ့ရစဉ် (ဆင်ဟွာ)

သုတ်ပိုးထည့်သွင်းခြင်း နည်းလမ်းနဲ့ ပန်ဒါဝက်ဝံ ပေါင်ပေါင်ကို ၂၀၁၃ခုနှစ် သြဂုတ်၂၃ရက်မှာ ဝါရှင်တန်ဒီစီ ရှိ အမျိုးသားတိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ပြီး ယခုအခါမှာတော့ တရုတ်နိုင်ငံကို ပြန်ဖို့အချိန်ကျရောက်လာပြီဖြစ်ပါတယ်။၁၉၈၂ခုနှစ် မတိုင်ခင် ပန်ဒါကြီးမျိုးများကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် တရုတ်နိုင်ငံအစိုးရက အခြားနိုင်ငံများထံသို့ ပေးပို့ခဲ့ကြပါတယ်။၁၉၄၁ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ ပန်ဒါတစ်စုံ ပို့ဆောင်ပေးခဲ့ပြီး ချစ်ကြည်ရေး လက်ဆောင်အနေနဲ့ ပထမဆုံးပေးခဲ့တဲ့ ပန်ဒါစုံတွဲ ဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီး ၁၉၄၉ခုနှစ်မှာ ပြည်ပနိုင်ငံများသို့ ပန်ဒါကြီးမျိုးတွေ ပိုမိုပို့ဆောင်ခဲ့ပါတယ်။၁၉၅၇ ခုနှစ် နဲ့ ၁၉၅၉ခုနှစ် မှာ တရုတ်နိုင်ငံအစိုးရဟာ ယခင် ဆိုဗီယက်ပြည်ထောင်စုသို့ စုစုပေါင်း ပန်ဒါနှစ်ကောင်စီလက်ဆောင်အဖြစ်ပေးပို့ခဲ့ပါတယ်။အမေရိကန်သမ္မတ Richard Nixon တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး ၁၉၇၂ခုနှစ်မှာလည်း Ling Ling နဲ့ Hsing Hsing အမည်ရှိ ပန်ဒါနှစ်ကောင်ကို အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့ခဲ့ပြန်ပါတယ်။

ထို့ပြင် ၁၉၆၅ခုနှစ် မှ ၁၉၈၀ခုနှစ်အထိ ပန်ဒါငါးကောင်ကို မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပေးပို့ခဲ့ပါတယ်။၁၉၈၂ခုနှစ်အထိ ပြည်ပနိုင်ငံများသို့ လက်ဆောင်အဖြစ် ပေးပို့ခဲ့တဲ့ ပန်ဒါကောင်ရေဟာ ၂၃ကောင် ရှိခဲ့ပြီး ၎င်းတို့အနက် အများစု မှာ သေဆုံးသွားကြပြီဖြစ်ပါတယ်။သို့သော် မျိုးတုံးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပန်ဒါကြီးမျိုးကောင်ရေ ကျဆင်းလာတဲ့အတွက် ပန်ဒါများကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့တဲ့ မူဝါဒကို ၁၉၈၂ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီး အဲ့ဒီမူဝါဒ အစား ငှားရမ်းပေးတဲ့ မူဝါဒကို စတင်ခဲ့ပါတယ်။၁၉၈၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ရဲ့ လော့အန်ဂျလိစ်မြို့၊ ဆန်ဖရန်စစ္စကိုမြို့၊ နယူးယောက်မြို့ နဲ့ အခြားမြို့များစွာမှာ ရှိတဲ့ တိရစ္ဆာန်ရုံတွေဟာ တရုတ်နိုင်ငံက ပန်ဒါများကို ငှားရမ်းခဲ့ကြပါတယ်။

ဒါ့အပြင် ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နဲ့ အခြားနိုင်ငံများကလည်း ပန်ဒါများကို ငှားရမ်းခဲ့ကြပါတယ်။ပန်ဒါငှားရမ်းခဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ထောင်နဲ့ချီမှ သန်းနဲ့ချီအထိ အစားစားရှိပြီး အဲ့ဒီ ငှားရမ်းခများကို မျိုးတုံးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေး နဲ့ မွေးမြူရေး အစီအစဉ်များရဲ့ ရန်ပုံငွေအဖြစ် အသုံးပြုခဲ့ကြပါတယ်။ငှားရမ်းခ ရန်ပုံငွေများကို တရုတ်အစိုးရရဲ့ ထောက်ပံ့ငွေ နဲ့ အခြားသော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ပေးအပ်ခဲ့တဲ့ ငွေကြေးများနဲ့ ပေါင်းစည်း ထိန်းသိမ်းခဲ့ပါတယ်။

ပန်ဒါပေါက်များအပါအဝင် လက်ရှိ ပန်ဒါကောင်ရေဟာ ၂,၀၆၀ကောင် နီးပါးရှိလာပြီး အရွယ်ရောက် ပန်ဒါအရေအတွက်ကတော့ စုစုပေါင်း ပန်ဒါကောင်ရေရဲ့ ၅၀.၅ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ (IUCN) က ၂၀၁၆ခုနှစ် အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။၂၀၁၆ခုနှစ် စက်တင်ဘာ ၄ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ မျိုးစိတ်များစာရင်း မှာတော့ IUCN က ပန်ဒါကြီးမျိုးများရဲ့ အရေအတွက်ဟာ တိုးတက်လာပြီး မျိုးတုံးပျောက်ကွယ်နိုင်တဲ့ မျိုးစိတ်များအဆင့်မှ အရေအတွက် နည်းပါးတဲ့မျိုးစိတ်များအဆင့် သို့ ရောက်ရှိလာကြောင်း ဖော်ပြခဲ့ပါတယ်။

ပန်ဒါဝက်ဝံများဟာ အကာအကွယ်ပေးရမယ့် ကမ္ဘာ့ရှားပါး တိရစ္ဆာန်မျိုးစိတ်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်မှာ ကောင်ရေအနည်းငယ်သာ ကျန်ရှိတဲ့တော့အတွက် တရုတ်နိုင်ငံဟာ ပန်ဒါဝက်ဝံထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ရှိတဲ့ စီချွမ်ပန်ဒါကြီးမျိုးများထိန်းသိမ်းစောင့်ရှောက်ရေးစခန်းဟာ ကမ္ဘာ့ပန်ဒါကြီးမျိုးများ၏ ၃၀ရာခိုင်နှုန်းကျော် ကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.