China
လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တွေ့ဆုံဆွေးနွေး

ဂျကာတာ၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် အတူ အင်ဒိုနီးရှားနိုင်ငံရှိ သမ္မတရုံးတွင် ဒေသစံတော်ချိန် မေ ၂၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီးချုပ် လီချန်က ဦးစွာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုအား သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့သည်။ တရုတ်နှင့် အင်ဒိုနီးရှားတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာသည့် ၇၅ နှစ်တာအတွင်း နှစ်ဖက်သည် အပြန်အလှန် ထောက်ခံအားပေး၍ ဖေးမကူညီခဲ့ကြောင်း၊ အစဉ်အလာ ချစ်ကြည်ရေးသည် အချိန်ကာလကြာလာသည်နှင့်အမျှ ပိုပြီး ခိုင်မြဲလာသလို ပိုမိုသစ်လွင်လာကြောင်း လီချန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် အဆွေတော် သမ္မတ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်စဉ် ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိသော တရုတ်- အင်ဒိုနီးရှား အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အရေးကြီး သဘောတူညီချက်များရရှိခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးအား သမိုင်းဝင် အဆင့်သစ်သို့ရောက်ရှိရန် ဦးဆောင်ခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်အတွက် ကျယ်ပြန့်သော အလားအလာများ ဖွင့်လှစ်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေးထူထောင်သည့် မူလရည်မှန်းချက်ကို အခိုင်အမာ လက်ကိုင်ထား၍ ချစ်ကြည်မှုအစဉ်အလာကို လက်ဆင့်ကမ်းသွားရန်၊ စည်လုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ပြီး “မဏ္ဍိုင်ကြီးငါးရပ်” ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအား လက်တွေ့ကျဖော်ဆောင်ရန်၊ နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ပိုမို အဆင့်မြင့်မားစေရန်၊ အန္တရာယ်စိန်ခေါ်မှုများကို အတူလက်တွဲ ရင်ဆိုင်ကာ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက်ချိတ်ဆက်မှုကို အားဖြည့်ရန်၊ အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အထူးသဖြင့် အထင်ကရဖြစ်သော စီမံကိန်းများ ကောင်းမွန်အားကောင်းအာင် တည်ဆောက်ရန်၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ “ရွှေရောင်အမှတ်တံဆိပ်” ကို ပိုမိုတောက်ပလာစေရန်၊ “ဒေသတွင်း ဘက်စုံစီးပွားရေးစင်္ကြံ” နှင့် “နှစ်နိုင်ငံ ဥယျာဉ်နှစ်ခု” တည်ဆောက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း လီချန်က ထောက်ပြခဲ့သည်။
နှစ်ဖက်အနေဖြင့် ဈေးကွက်ချိတ်ဆက်မှုနှင့် ထုတ်ကုန်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး အဆင်ပြေလွယ်ကူမှု အဆင့်ကို မြှင့်တင်ပြီး ဘဏ္ဍာရေး၊ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ လေကြောင်းနှင့် အာကာသ၊ ပင်လယ်သမုဒ္ဒရာ စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ လူမှုယဉ်ကျေးမှု ဖလှယ်ရေးအား တိုးချဲ့ရန်၊ လူပုဂ္ဂိုလ်များ ကူးလူးသွားလာမှု အဆင်ပြေလွယ်ကူရေးအား တွန်းအားပေးရန်၊ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျန်းမာရေး စသည့် ပြည်သူ့ဘဝကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာတစ်ဝန်းတွင် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ နိုင်ငံတကာ စီးပွားရေး၊ ကုန်သွယ်ရေး စည်းစနစ်များအား ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိကြောင်း၊ အန္တရာယ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုသာလျှင် မှန်ကန်သော ထွက်လမ်းဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ စသည့် များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူကြီး ၅ ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်ကို အတူတကွ လက်ဆင့်ကမ်းမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး ၃ ရပ်ကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးအား အခိုင်အမာ ထိန်းသိမ်းထားရန်၊ တန်းတူညီမျှ၍ စနစ်တကျရှိသော ကမ္ဘာဗဟုအသွင်ပြောင်းမှု၊ အများအကျိုးပြုပြီး အားလုံးပါဝင်နိုင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို တွန်းအားပေးရန်၊ ပင်ကိုဘုံအကျိုးစီးပွားအား အခိုင်အမာ ထိန်းသိမ်းကာကွယ်ကာ ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ပရာဘိုဝိုက သမ္မတ ရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်း လီချန်မှတစ်ဆင့် ပြောကြားခဲ့ပြီး အင်ဒိုနီးရှားနှင့် တရုတ်တို့၏ ရင်းနှီးစွာ ကူလူးဆက်ဆံရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ရာ နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုမှာ နက်ရှိုင်းကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၅ ပြည့်ဖြစ်သလို ဘန်ဒေါင်း အစည်းအဝေး ကျင်းပသည့် နှစ် ၇၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ယင်းတို့ကို အခွင့်အလမ်းအဖြစ် သတ်မှတ်၍ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ တရုတ်- အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား တွန်းအားပေးပြီး အာရှနှင့် ကမ္ဘာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားလိုကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုကို အထူးအသိအမှတ်ပြုကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စသည့်နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ အကျိုးရှိသော အတွေ့အကြုံများကို လေ့လာသင်ယူလိုကြောင်း၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စီးပွားရေး၊ ဉာဏ်ရည်တုနှင့် ပညာရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေပြီး စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများအား အင်ဒိုနီးရှားနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ပင်လယ်ပြင် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ရန်၊ “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆွေးနွေးညှိနှိုင်းမှုအား အရှိန်မြှင့်တင်၍ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအား အတူတကွ ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ၊ BRICS စသည့် နိုင်ငံစုံ ပလက်ဖောင်းများတွင် တရုတ်နှင့် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒအား ခိုင်ခိုင်မာမာ ထောက်ခံအားပေး၍ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကန့်ကွက်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်ဖက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝါဒ၊ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်၊ ဘဏ္ဍာရေး စသည့် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုးမှုအား အတူသက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုမတိုင်မီ သမ္မတ ပရာဘိုဝိုက သမ္မတရုံး ရင်ပြင်တွင် ဝန်ကြီးချုပ် လီချန်အတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲ အခမ်းအနား ကျင်းပခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့ အင်ဒိုနီးရှားနိုင်ငံရှိ သမ္မတရုံးတွင် ဒေသစံတော်ချိန် မေ ၂၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
……………………………………
(Chinese Version)
李强同印度尼西亚总统普拉博沃会谈
新华社雅加达5月25日电(记者曹凯 刘畅)当地时间5月25日上午,国务院总理李强在印度尼西亚总统府同印尼总统普拉博沃举行会谈。
李强首先转达习近平主席对普拉博沃总统的亲切问候。李强表示,中印尼是好邻居、好伙伴。建交75年来,双方相互支持、守望相助,传统友谊历久弥坚、弥新。去年11月总统先生访华期间,两国元首就构建具有地区和全球影响力的中印尼命运共同体达成重要共识,引领两国关系迈上历史新高度,为双边合作开辟了广阔前景。中方愿同印尼坚守建交初心,弘扬友好传统,加强团结协作,夯实“五大支柱”合作格局,推动两国政治互信和战略协作迈向更高水平,携手应对风险挑战,更好促进共同发展。
李强指出,中方愿同印尼加强发展战略对接,深化高质量共建“一带一路”合作,特别是做优做强标志性项目,进一步擦亮雅万高铁“金字招牌”,推进“区域综合经济走廊”和“两国双园”建设。双方要加强市场联通和产业协作,提升贸易投资便利化水平,拓展金融、新能源、数字经济、人工智能、航空航天、海洋等领域合作。中方愿同印尼扩大人文交流,推进人员往来便利化,深化粮农、减贫、卫生等民生领域合作,更好造福两国人民。
李强表示,当前全球单边主义、保护主义上升,严重冲击国际经贸秩序。面对风险挑战,团结合作才是正确出路。中方愿同印尼等广大发展中国家一道,共同弘扬和平共处五项原则和万隆精神,积极落实三大全球倡议,坚持多边主义和自由贸易,推动平等有序的世界多极化、普惠包容的经济全球化,坚定维护自身共同利益,共促地区和世界和平稳定发展。
普拉博沃请李强转达对习近平主席的亲切问候和美好祝愿,表示印尼与中国友好交往历史悠久,两国人民情谊深厚。今年是两国建交75周年,也是万隆会议举行70周年。印尼愿以此为契机,深化两国全面战略伙伴关系,推进中印尼命运共同体建设,促进亚洲与世界和平发展。印尼高度评价双边合作进展,愿学习借鉴中国在减贫、农村发展等方面有益经验,深化农业、金融、基础设施、绿色经济、人工智能、教育等领域合作,提升产业合作水平。欢迎中国企业来印尼投资兴业。印尼愿同中方落实海上共同开发共识,推动加快“南海行为准则”磋商,共同维护南海和平稳定。印尼期待同中方密切在东盟、金砖国家等多边平台沟通协作,坚定支持多边主义,反对保护主义,维护发展中国家共同利益,携手应对全球性挑战。
会谈后,双方共同见证签署经济发展政策、产供链、金融等领域合作文件。
会谈前,普拉博沃在总统府广场为李强举行隆重欢迎仪式。(完)
图说:当地时间5月25日上午,国务院总理李强在印度尼西亚总统府同印尼总统普拉博沃举行会谈。 新华社记者 刘卫兵 摄