Connect with us

China

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပေကျင်းဗဟိုဝင်ရိုး ပါဝင်လာခြင်းက အလှတရားများအား ကမ္ဘာကို ဖော်ပြလိုက်ခြင်းဖြစ်

တရုတ်နိုင်ငံ မြို့တော် ‌ပေကျင်းရှိ Forbidden City ကို ၂၀၂၄ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က တရုတ်နိုင်ငံရှိ ပေကျင်းဗဟိုဝင်ရိုး (Beijing Central Axis) ကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြင့် ယင်း၏ ဂုဏ်သိက္ခာ၊ စစ်မှန်မှု၊ ကာကွယ်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုအခြေအနေကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ပေကျင်းဗဟိုဝင်ရိုးသည် ကမ္ဘာ့မြို့များ၏ သမိုင်းတွင် ထူးခြားသောအမျိုးအစားဖြစ်ကြောင်း၊ “ကျုံး” (ဗဟိုပြုမှု) နှင့် “ဟယ်” (သဟဇာတဖြစ်မှု) ဟူသော တရုတ်ရိုးရာအစဉ်အလာ အတွေးအမြင်အယူအဆများကို အသေးစိတ်ဖော်ပြထားကြောင်းနှင့် ကမ္ဘာတစ်ဝန်း မြို့ပြစီမံကိန်းသမိုင်းကိုလည်း အရေးပါသော ပံ့ပိုးကူညီမှုပေးလျက်ရှိကြောင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက ဖော်ပြခဲ့သည်။
ပေကျင်း၏ ရှေးဟောင်းမြို့ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံအစိုးရ၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများနှင့် အောင်မြင်မှုများကိုလည်း ယူနက်စကိုအဖွဲ့က ချီးကျူးပြောကြားခဲ့သည်။

၁၃ ရာစုက ကနဦးတည်ဆောက်ခဲ့ပြီး ၁၆ ရာစုတွင် ရုပ်လုံးပေါ်လာခဲ့သော ပေကျင်းဗဟိုဝင်ရိုးသည် ရှေးဟောင်းပေကျင်းမြို့တစ်လျှောက် မြောက်ဘက်မှ တောင်ဘက်သို့ တည်ရှိသည်။ ယင်းမှာ ၇.၈ ကီလိုမီတာရှိပြီး ယနေ့ခေတ်ကမ္ဘာ့သမိုင်းတွင် အရှည်ဆုံး မြို့ပြဝင်ရိုးတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VCP

……………………….
(English Version)
Inclusion of Beijing Central Axis into UNESCO World Heritage List showcases beauty to world
NEW DELHI, July 29 (Xinhua) — The United Nations Educational, Scientific and Cultural Organization (UNESCO) has included the Beijing Central Axis in its world heritage list, recognizing its integrity, authenticity, and protection and management status.
The UNESCO World Heritage Committee believed that the Beijing Central Axis represented a unique type in the history of world cities, embodied traditional Chinese philosophical concepts of “Zhong” (centrality) and “He” (harmony), and made significant contributions to the history of urban planning worldwide.
The organization also highly praised the Chinese government’s tremendous efforts and outstanding achievements in protecting and preserving the cultural heritage of the ancient city of Beijing.
The Beijing Central Axis, initially established in the 13th century and formed in the 16th century, runs through the old city of Beijing from north to south. It has become the longest urban axis in the world today, spanning 7.8 km.
Photo 1: This photo taken on May 31, 2024 shows a view of the Forbidden City in Beijing, capital of China. (Xinhua/Chen Yehua)