ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ပေကျင်း တိရစ္ဆာန်ရုံ၌ အောက်တိုဘာ ၁၃ ရက်တွင် ပန်ဒါ အမြွှာ နှစ်ကောင်ကို အများပြည်သူအား မိတ်ဆက် ပြသခဲ့ပြီး ယင်းတိရစ္ဆာန်ရုံ၏ ပန်ဒါ အကောင်ရေမှာ ၁၀ ကောင်ထိ ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံခြင်း၊ နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခြင်းများပြီးနောက် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း...
ပေကျင်း၊အောက်တိုဘာ၁၄ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လေတပ် ထူထောင်ခြင်းနှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် စစ်လက်နက်များ ၊ စစ်ဖက်အသုံးအဆောင်များ နှင့် လေကြောင်းပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ကျိနန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သောရက်ပိုင်းများက တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဝူတိခရိုင်အတွင်းရှိ လူးပေ ဆားကွက်၏ ပင်လယ်ဆားရိတ်သိမ်းကာလဖြစ်ရာ ကျားကွက်သဖွယ်စီရီထားသော ဆားကန်များသည် ဆေးရောင်စီချယ်ထားသဖွယ် အမြင်တစ်မျိုးဖြင့် လှပနေသည်။
ပေကျင်း၊ အောက်တိုဘ ၁၂ ရက် (ဆင်ဟွာ) တောင်အာရှနိုင်ငံတစ်ခုဖြစ်သော နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင်ရေးသားပြီး Gorkhapatra Daily, The Rising Nepal နှင့် Kantipur Daily နီပေါ သတင်းစာများ၌ အောက်တိုဘာလ ၁၁ ရက်တွင် ပုံနှိပ်ဖော်ပြခဲ့သော...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံရန်နှင့် နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်းတွင် အောက်တိုဘာ ၁၁ ရက်၌ ဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ် တရုတ် နိုင်ငံတကာ ဒီဂျစ်တယ်စီးပွားရေးပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ စီးပွားရေးလုပ်ငန်းများက အကျိုးအမြတ် မျှဝေမှုများအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မျှော်လင့်နေကြကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၉ ရက်က တျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်(Xi Jinping) နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့ အောက်တိုဘာ ၉ရက်တွင်ကျင်းပသောအစည်းအဝေး၌ ပါကစ္စတန်နိုင်ငံ ကောင်းမွန်လျင်မြန်စွာတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီရန်ရိုးသားစွာမျှော်လင့်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။