Connect with us

Economy

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စိတ်ဝင်စား

တရုတ်နိုင်ငံတော်ကောင်စီ၊ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေး အကြီးအကဲ ကောင်းယန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ စီးပွားရေးလုပ်ငန်းများက အကျိုးအမြတ် မျှဝေမှုများအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မျှော်လင့်နေကြကြောင်း သိရသည်။

နှစ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် စွမ်းအင်ကဲ့သို့သော နယ်ပယ်များ၌ မိတ်ဖက်ဆောင်ရွက်ရန် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းရှင်များအား ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ကိုင်ရန် ဖိတ်ခေါ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ အကြံပေး အဗ္ဗဒူလ် ရာဇက် ဒါဝုဒ် (Abdul Razzak Dawood) က အောက်တိုဘာလ၈ ရက်တွင် ပြုလုပ်သည့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ၌ ပြောခဲ့သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံအနေဖြင့် e-commerce ဖွံဖြိုးတိုးတက်ရန် ကြိုးပမ်းနေသည့်အတွက် တရုတ် မိုဘိုင်းငွေပေးချေရေးနှင့် e-commerce လုပ်ငန်းများအား နိုင်ငံအတွင်း လုပ်ငန်းချဲ့ထွင်ရန် ကြိုဆိုလျက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များ ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံ ပြည်သူများထံ ခိုင်မာသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ၊ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေး အကြီးအကဲ ကောင်းယန်က ပြောခဲ့သည်။ (Xinhua)