Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ ပေကျင်း တိရစ္ဆာန်ရုံ၌ ပန်ဒါ အမြွှာ နှစ်ကောင်အား အများပြည်သူကို မိတ်ဆက် ပြသ

ပေကျင်း တိရစ္ဆာန်ရုံ၌ ပန်ဒါ အမြွှာ နှစ်ကောင်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပေကျင်း တိရစ္ဆာန်ရုံ၌ အောက်တိုဘာ ၁၃ ရက်တွင် ပန်ဒါ အမြွှာ နှစ်ကောင်ကို အများပြည်သူအား မိတ်ဆက် ပြသခဲ့ပြီး ယင်းတိရစ္ဆာန်ရုံ၏ ပန်ဒါ အကောင်ရေမှာ ၁၀ ကောင်ထိ ရှိလာခဲ့ကြောင်း သိရသည်။

ပန်ဒါ အမြွှာ ညီအစ်မ နှစ်ကောင် ဖြစ်သော Mengbao နှင့် Mengyu တို့သည် စီချွမ်း ပြည်နယ်၌ ၂၀၁၈ ခုနှစ် မေလတွင် မွေးဖွားခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ပေကျင်းသို့ ရောက်ရှိလာခဲ့ကာ ယခုအခါတွင် ပန်ဒါ ဝက်ဝံ တစ်ကောင်လျှင် ကိုယ်အလေးချိန် ကီလိုဂရမ် ၄၀ စီရှိကြောင်း သိရသည်။

အဆိုပါ ပန်ဒါ ဝက်ဝံလေးများကို တစ်လကြာ သီးသန့်ခွဲ၍ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ပြီး တဖြည်းဖြည်းဖြင့် ပေကျင်းရှိ ပတ်ဝန်းကျင် အသစ်တွင် အသားကျနေပြီ ဖြစ်ကြောင်း တိရစ္ဆာန်ရုံ၌ ပန်ဒါများကို ကြည့်ရှုစောင့်ရှောက်နေသူ Ma Tao က ပြောသည်။

ပန်ဒါဝက်ဝံလေးများသည် ကိုယ်အလေးချိန် တက်လာရုံ တင်မကဘဲ ဝါးများကိုလည်း ကိုယ်တိုင် စားနိုင်ရန် သင်ယူကြ ကြောင်း Ma Tao က ထည့်သွင်း ပြောကြားခဲ့သည်။

ယခုနှစ်များ အတွင်း ပေကျင်း တိရစ္ဆာန်ရုံမှာ စီချွမ်းပြည်နယ်ရှိ ပန်ဒါ မွေးမြူရေး စင်တာ နှင့် အတူ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း ပေကျင်း တိရစ္ဆာန်ရုံ၏ လက်ထောက် ညွှန်ကြားရေးမှူး Zhang Chenglin က ပြောကြားခဲ့သည်။စီချွမ်း ပြည်နယ်၌ မွေးဖွားသော ပန်ဒါ အမြွှာ အထီး သုံးကောင်မှာလည်း ပေကျင်း တိရစ္ဆာန်ရုံ၌ ရှိနေကြောင်း သိရသည်။(Xinhua)