Connect with us

Politics, Law & Military

သမ္မတရှီက ပါကစ္စတန်နိုင်ငံ ကောင်းမွန်လျင်မြန်စွာတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီရန်ရိုးသားစွာမျှော်လင့်ကြောင်းဆို

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်(Xi Jinping) နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan)  တို့ အောက်တိုဘာ ၉ရက်တွင်ကျင်းပသောအစည်းအဝေး၌ ပါကစ္စတန်နိုင်ငံ ကောင်းမွန်လျင်မြန်စွာတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီရန်ရိုးသားစွာမျှော်လင့်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့်ပါကစ္စတန် နိုင်ငံတို့သည် နှစ်ဖက်အပြန်အလှန် အထောက်အပံ့အကူအညီပြုမှုအစဉ်အလာ ရှိပြီး သမ္မတရှီက ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာ တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယခင်ကတရုတ်နိုင်ငံအခက်အခဲများကြုံခဲ့သည့် အချိန်တွင် ပါကစ္စတန်နိုင်ငံအနေဖြင့် ကိုယ်ကျိုးမကြည့်ပဲ တရုတ်နိုင်ငံ ကို ကူညီခဲ့ပြီး ယခု တရုတ်နိုင်ငံက ဖွံ့ဖြိုးပြီးဖြစ်သည့်အတွက် ပါကစ္စတန်နိုင်ငံ ကောင်းမွန်လျင်မြန်စွာ တိုးတက်ရန်အတွက် ရိုးသားစွာကူညီရန်မျှော်လင့်ကြောင်း သမ္မတရှီက ဆိုသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117