Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) ‌ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) ‌ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၉ ရက်က တျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan)  နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက  တရုတ်-ပါကစ္စတန် နှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ဒေသအခြေအနေမည့်သို့ပင် ပြောင်းလဲစေကာမူ နှစ်နိုင်ငံချစ်ကြည်ရေးမှာ ခိုင်မာခိုင်မြဲနေမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်များကို အဆက်မပြတ်ကျယ်ပြန့်နက်နဲစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏သံတမန်ဆက်ဆံရေးတွင် ပါကစ္စတန်နိုင်ငံအား ဦးစားပေးအနေဖြင့်ထားရှိရာ ပါကစ္စတန်နိုင်ငံ၏အဓိက အကျိုးစီးပွားနှင့်အရေးကြီးအရေးကိစ္စများတွင်များတွင် ဆက်လက်ခိုင်မာစွာထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွင် ပါကစ္စတန်နိုင်ငံနှင့်အတူ ကြိုးပမ်းတိုးမြှင့်ဆောင်ရွက်သွားကာ ခေတ်သစ် ပိုမိုရင်းနှီးသည့် ကံကြမ္မာတူအသိုက်အဝန်းတစ်ခု တည်ဆောက် သွားလိုကြောင်း ပြောကြားခဲ့သည်။

အရည်အသွေးစံချိန်မြင့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံန်တည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်မည်ဖြစ်ပြီး စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံ၊ စက်မှု ဥယျာဉ်နှင့် ပြည်သူအသက်မွေးဝမ်းကျောင်းလုပ်ငန်းစီမံကိန်းများကို ကောင်းမွန်စွာတည်ဆောက်ဆောင်ရွက်ကာ စီးပွားရေးစင်္ကြံန်ကို ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ စံပြစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  အကြမ်းဖက်ဝါဒ နှိမ်နှင်းတိုက်ဖျက်ရာတွင် ပါကစ္စတန်၏ကြိုးပမ်းဆောင်ရွက်ချက်များကို ခိုင်မာစွာထောက်ခံကြောင်း ၊ တရုတ်-ပါကစ္စတန် နှစ်နိုင်ငံသည် ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်ဆောင်ရွက်မှုအဖွဲ့(SCO) စသည့် ဘက်ပေါင်းစုံပါဝင်သည့်အဖွဲ့အစည်းများတွင် ပူးပေါင်းညှိနှိုင်းမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကာ ဒေသတည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်ထိန်းသိမ်းသွားကြမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan)   ကလည်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် (၇၀)ပြည့် အတွက် ဆုတောင်းမွန်ကောင်းမေတ္တာပို့သကြောင်း ၊ တရုတ်နိုင်ငံက အထူး သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်သည့်အောင်မြင်မှုများကို  ရရှိသည့်အတွက် တရုတ်နိုင်ငံ၏ မိတ်ဆွေအရင်းအခြာဖြစ်သည့် ပါကစ္စတန်နိုင်ငံအနေဖြင့် ဝမ်းမြောက်ကြောင်း ၊ တရုတ်နိုင်ငံအဖြင့် စည်းမျဉ်းမူဝါဒ တရားမျှတမှုကို လက်ကိုင်ထားကာ ၊ အကျိုးမဲ့ ပါကစ္စတန်နိုင်ငံအား ကူညီအားပေးဆောင်ရွက်ခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အခြေအနေအချိန်အခါမရွေးမဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်သည်ကို လက်တွေ့က သက်သေထူပြီးဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးသည် လူထု၏စိတ်တွင် စွဲမြဲစွာတည်ရှိကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကူးလူးဖလှယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်ကာ စီးပွားရေးစင်္ကြံန် တည်ဆောက်မှုကို ရပ်ဝန်းနှင့်ပိုးလမ်းမ စံပြစီမံကိန်းအဖြစ် အတူ တွန်းအားပေး တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့် အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကာ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်    အီမရန်ခန်း (Imran Khan) ‌

က ပါကစ္စတန်နိုင်ငံအနေဖြင့် လက်ရှိ  ကက်ရှမီးယား အခြေအနေအပေါ် သဘောထားအမြင်များကို ပြောကြားခဲ့ပြီး အခြေအနေများမဆိုးဝါးစေရန် ၊ ထိန်းမနိုင်သိမ်းမရ မဖြစ်စေရန် တတ်နိုင်သမျှ ရှောင်ရှားကြရန် နှိုးဆော်ပြောကြားခဲ့ပြီး  တရုတ်နိုင်ငံ၏ တရားမျှတသည့် သမာသမတ်ရှိမှုကို အထူးပင်ကျေနပ်နှစ်သိမ့်အလေးထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကလည်း တရုတ်နိုင်ငံသည် ကက်ရှမီးယားအခြေအနေကို အထူးအလေးထားစောင့်ကြည့်လျက်ရှိရာ အခြေအနေအမှန်ကို ရှင်းလင်းစွာသိရှိကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် မိမိ၏တရားဝင်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှုများအား ထောက်ခံကြောင်း ၊ သက်ဆိုင်ရာမှလည်း ပဋိပက္ခများကို ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးစေကြောင်း ပြောကြားခဲ့သည်။(Xinhua)