ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) Canton ပြပွဲဟု လူသိများသော ၁၂၅ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန်ပြပွဲအား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုး၌ ဧပြီလ ၁၅ ရက်က ဖွင့်လှစ်လိုက်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသထက်ဝက်ကျော်မှ တက်ရောက်လျက်ရှိကြောင်း...
ဇာဂရက်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်-ခရိုအေးရှား နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiangနှင့် ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovicတို့က ဧပြီ ၁၀ ရက်က ပြောကြားလိုက်သည်။
ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ဧပြီ ၁ဝ ရက်တွင် ရှန်ဟိုင်းအာကာသစူးစမ်းလေ့လာရေးအဖွဲ့( SAO) က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အလှမ်းကွာဝေးလှသော M87 နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသော ဧရာမတွင်းနက်ကြီး(black hole) တစ်ခုကိုရိုက်ကူးထားသည့် ကမ္ဘာ့ပထမဆုံးတွင်းနက်ဓာတ်ပုံကို ထုတ်ဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အွန်လိုင်းအစားအသောက် မှာယူခြင်း နှင့် ပို့ဆောင်ရေးလုပ်ငန်း ဈေးကွက်သည် ၂၀၁၈ခုနှစ်တွင် တရုတ်ယွမ် ၄၄၁.၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံ) အထိ ရောက်ရှိလာခဲ့ကာ ယခင်နှစ်ထက် ၁၁၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း လုပ်ငန်းအစီရင်ခံစာအရသိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချူပ် လီခဲ့ချန်သည် ဘရပ်ဆဲမြို့တွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ၏...
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မေလ ၁၀ ရက်၌ အရည်အသွေးမြင့် တရုတ် စိုက်ပျိုးရေး ထုတ်ကုန်များ ခင်းကျင်းပြသမည့် ၃ ရက်ကြာ ကုန်စည်ပြပွဲအား ပြုလုပ်ရန်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ကြီးထွားလာသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative= BRI) က ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးပြီးနိုင်ငံများကိုပါ အကျိုးကျေးဇူးရှိသည့် အလားအလာနှင့် အခိုင်အမာဆွဲဆောင်ထားသည်ကို ပြသနေကြောင်း တွေ့ရသည်။
ဗီယင်တိန်း၊ဧပြီ ၆ ရက်(ဆင်ဟွာ) လာအိုနိုင်ငံပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံသမ္မတ ဘွန်ဟန်ဗိုရာချစ်(Bounnhang Vorachith) ကခေတ်သစ်ပိုးလမ်းမကြီးစီမံချက်အရ အကောင်အထည်ဖော်လျက်ရှိသော တရုတ်- လာအို ရထားလမ်းက လာအိုပြည်သူတို့အားအကျိုးရှိစေလိမ့်မည်ဟုဧပြီလ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ယခုနှစ် နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော တရုတ်နိုင်ငံ၏ နိုင်ငံတကာ သွင်းကုန်ပြပွဲ China International Import Expo= CIIE) တွင် ကုမ္ပဏီပေါင်း ၁,၈၀၀ ကျော် စာရင်းပေးထားကြောင်း စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။