Connect with us

Politics, Law & Military

လာအိုနိုင်ငံသမ္မတ ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့လာရောက်စစ်ဆေး


ဗီယင်တိန်း၊ဧပြီ ၆ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံသမ္မတ ဘွန်ဟန်ဗိုရာချစ်(Bounnhang Vorachith) ကခေတ်သစ်ပိုးလမ်းမကြီးစီမံချက်အရ အကောင်အထည်ဖော်လျက်ရှိသော တရုတ်- လာအို ရထားလမ်းက လာအိုပြည်သူတို့အားအကျိုးရှိစေလိမ့်မည်ဟုဧပြီလ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့လာရောက်စစ်ဆေးခဲ့သော သမ္မတဘွန်ဟန်ဗိုရာချစ်အားရထားလမ်းစီမံကိန်းတည်ဆောက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဂျူဂိုဂျင်(Ju Guojiang) ကတည်ဆောက်ဆဲ စီမံံကိန်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းက နှစ်နိုင်ငံမှရထားလမ်းတည်ဆောက်သူများ သည်အနီးကပ် ပူပေါင်းဆောင်ရွက်ကာ အခက်အခဲအမျိုးမျိုးက ိုကျော်လွှားဖြေရှင်းလျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင်ပြီးစီးရန်ရည်မှန်းကြောင်းပြောခဲ့သည်။

သမ္မတဘွန်ဟန် ကလည်း တရုတ်-လာအို ရထားလမ်းဆောက်လုပ်မှုက လာအိုနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို သိသိသာသာမြှင့်တင်ပေးနိုင်မည်ဖြစ်ကာ အလုပ်အကိုင်များဖန်တီးပေးနိုင်မှု၊ပြည်သူတို့ ၏အသက်မွေးဝမ်းကြောင်းတိုးတက်လာမှု၊လာအိုနိုင်ငံအားကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းချင်းဆက် နိုင်ငံအဖြစ်သို့ ပြောင်းလဲရေးမဟာဗျူဟာကို အောင်မြင်စေမှု နှင့် နိုင်ငံ၏ရထားလမ်းကိုဖွံ့ဖြိုးတိုးတက် မှုအဆင့်သစ်တစ်ရပ်သို့ရောက်ရှိစေမှုတို့ကိုလည်းဖြစ်စေလိမ့်မည်ဟုပြောကြားခဲ့သည်။

လာအိုနိုင်ငံသမ္မတ ဘွန်ဟန်ဗိုရာချစ် တရုတ်- လာအို ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့လာရောက်စစ်ဆေးစဉ်။

သမ္မတ ဘွန်ဟန်ဗိုရာချစ် ကလာအိုနိုင်ငံတောင်ပိုင်း Attapeau ပြည်နယ်တွင်ဆည်တစ်ခုကျိုးခဲ့စဉ်က တရုတ်-လာအို ရထားလမ်းကုမ္မဏီ က ဘေးဒုက္ခရောက်နေသူများအား တက်ကြွစွာလှူဒါန်းကူညီခဲ့မှု နှင့်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးပါဝင်ဆောင်ရွက်ခဲ့မှုတို့အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်းလည်းပြောကြားခဲ့သည်။

၄၁၄ ကီလိုမီတာရှည်လျားသော အဆိုပါရထားလမ်းကလာအိုနိုင်ငံမြောက်ပိုင်း ဘိုတန် နယ်စပ်ဂိတ်မှ မြို့တော်ဗီယင်တိန်းအထိ တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်းဖြင့်ရထားများပြေးဆွဲနိုင်မည်ဖြစ်သည်။ ထို လျှပ်စစ်ရထားလမ်းကို တရုတ်နိုင်ငံ၏ အစီအစဉ်နှင့်နည်းပညာအဆင့်အတန်း တို့ဖြင့် ၂၀၁၆ ခုနှစ်၊ဒီ ဇင်ဘာလတွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.