Connect with us

Economy

တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် CIIE အတွက် ကုမ္ပဏီ ၁,၈၀၀ ကျော် စာရင်းသွင်း

ပထမအကြိမ် CIIE ၏ လာဘ်ကောင်ရုပ်လေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော တရုတ်နိုင်ငံ၏ နိုင်ငံတကာ သွင်းကုန်ပြပွဲ China International Import Expo= CIIE) တွင် ကုမ္ပဏီပေါင်း ၁,၈၀၀ ကျော် စာရင်းပေးထားကြောင်း စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံနှင့် ဒေသပေါင်း ၇၇ ခုမှ ကုမ္ပဏီ၉၀၀ ကျော်က ပါဝင်ပြသရန် အတည်ပြုထားကြပြီး စက်မှုလုပ်ငန်းအမျိုးမျိုးမှ ကမ္ဘာ့အကြီးဆုံးလုပ်ငန်းများနှင့် ဦးဆောင် စီးပွားရေးလုပ်ငန်း ၁၈၀ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ဧပြီလ ၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ပိုမိုဖိတ်ခေါ်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကောင်းက ဆိုသည်။

ရှန်ဟိုင်းမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော ပထမအကြိမ် CIIE ၌ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၇၂ ခုမှ စီးပွားရေးလုပ်ငန်း ၃,၆၀၀ ကျော် ပါဝင်ခဲ့သည်။ ယင်းပြပွဲသည် ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန် ဦးစားပေးပြပွဲတစ်ခု ဖြစ်သည်။ (Xinhua)