Connect with us

Economy

တရုတ်-ခရိုအေးရှား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

တရုတ်-ခရိုအေးရှား နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှစ် ဖွင့်ပွဲအခမ်းအနား၌ တရုတ်ဝန်ကြီးချုပ်နှင့်ခရိုအေးရှား ၀န်ကြီးချုပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဇာဂရက်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်-ခရိုအေးရှား နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiangနှင့် ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovicတို့က ဧပြီ ၁၀ ရက်က ပြောကြားလိုက်သည်။

တရုတ်-ခရိုအေးရှား နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှစ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ်နှင့် ခရိုအေးရှားဝန်ကြီးချုပ်တို့က ဤကဲ့သို့ ၎င်းတို့ သဘောထားမှတ်ချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ခရိုအေးရှားနှစ်နိုင်ငံသည် ရှည်လျားသော သမိုင်းရှိပြီး ကြွယ်ဝကာ မျိုးစုံသော ယဉ်ကျေးမှုကို ပိုင်ဆိုင်ထား၍ ရောင်စုံလှပသော သဘာဝမြင်ကွင်းများလည်းရှိကြောင်း တရုတ်ဝန်ကြီးချုပ် Li ကပြောသည်။

၂၀၁၈ ခုနှစ်အတွင်း ခရိုအေးရှားနိုင်ငံတွင်းသို့ တရုတ်ခရီးသွားဧည့်သည် ၂၅၀,၀၀၀ ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် နှစ်နိုင်ငံ အားထုတ်မှုကို တရုတ်အစိုးရက အထောက်အပံ့များ ပေးခဲ့ကြောင်း Liက ပြောသည်။

နှစ်နိုင်ငံကြား ပြည်သူများခရီးသွားလာမှု လွယ်ကူစေရန် ဈေးကွက်နှင့် စီးပွားကူးသန်းရောင်းဝယ်ရေး စည်းမျဉ်းဥပဒေများနှင့် အညီ နှစ်နိုင်ငံ တိုက်ရိုက်ပျံသန်းမှု ဖွင့်လှစ်နိုင်ရန် အခြေအနေပေးလာလျှင် ဆောင်ရွက်သွားရန် ဝန်ကြီးချုပ်လီက မျှော်လင့်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသို့ ခရိုအေးရှားပြည်သူများ သွားရောက်လည်ပတ်ရန် ပိုမိုမျှော်လင့်ပြီး

ခရိုအေးရှားကလည်း တရုတ်ခရီးသွားဧည့်သည်များကို ပိုပိုပြီး စွဲဆောင်မှုပြုလုပ်လိမ့်မည်ဟု Liက ယုံကြည်ကြောင်း ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.