Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးလုပ်ငန်းသည် ၂၀၁၈ခုနှစ်တွင် နှစ်ဆတိုးတက်လာ

တရုတ်နိုင်ငံ၏ အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အွန်လိုင်းအစားအသောက် မှာယူခြင်း နှင့် ပို့ဆောင်ရေးလုပ်ငန်း ဈေးကွက်သည် ၂၀၁၈ခုနှစ်တွင် တရုတ်ယွမ် ၄၄၁.၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံ) အထိ ရောက်ရှိလာခဲ့ကာ ယခင်နှစ်ထက် ၁၁၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း လုပ်ငန်းအစီရင်ခံစာအရသိရသည်။

အွန်လိုင်းမှ အသားများ၊ သရေစာများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ နှင့် သောက်စရာများ မှာယူမှုအရေအတွက်သည် ၁၀.၉၆ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၂ဆနီးပါး တိုးတက်လာခဲ့ကြောင်း အင်တာနက်အချက်အလက် လေ့လာဆန်းစစ်ရေး ဝန်ဆောင်မှုလုပ်ငန်း Analysys က ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစီရင်ခံစာအရ ယင်းဈေးကွက်သည် နောက် ၃နှစ်တာဖြစ်သော ၂၀၂၁ခုနှစ်တွင် တရုတ်ယွမ် ၉၃၄ဘီလီယံ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပို့ဆောင်ရေးအပလီကေးရှင်းများကို အသုံးပြုသူ အရေအတွက်သည် ၂၀၁၈ခုနှစ်တွင် ဆက်တိုက်မြင့်တက်လာပြီး ဒီဇင်ဘာ တွင် ၁၀၂.၈သန်းကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.