Connect with us

Politics, Law & Military

မကြာမီ ကျင်းပမည့် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံက ကမ္ဘာ့ မီဒီယာများ၏ အာရုံကို ဖမ်းစားထား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ အဓိက မီဒီယာများက မကြာမီ ကျင်းပမည်ဖြစ်သော တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) ၏ အရေးပါသော အစည်းအဝေးအား စိတ်ဝင်တစားရှိခဲ့သလို ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံမှ လုပ်ဆောင်ခဲ့သော အောင်မြင်မှုများအား အသိအမှတ်ပြုမှု ရေးသားဖော်ပြမှုများ ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁ဂ ရက်တွင် စတင် ဖွင့်လှစ်မည့် ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံသည် “တရုတ်နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဆုံးဖြတ်ပေးပါလိမ့်မယ်” ဟု စင်ကာပူနိုင်ငံ Lianhe Zaobao သတင်းစာက ယခုလ အစောပိုင်း၌ မှတ်ချက်ပြုခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ဝေခဲ့သော Singapore Daily သတင်းစာတွင်မူ ၂၀၁၂ ခုနှစ် ၁၈ ကြိမ်မြောက် အမျိုးသား ညီလာခံကတည်းကစ၍ တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် အောင်မြင်မှု ရလဒ်များအား မီးမောင်းထိုး ဖော်ပြခဲ့သည်။

အခြား စင်ကာပူ သတင်းစာ တစ်စောင်ဖြစ်သော The Straits Times ကလည်း တရုတ်နိုင်ငံက ဆယ်စုနှစ်များအတွင်း အထင်ကြီးလောက်ဖွယ် တိုးတက်မှု ရရှိခဲ့ကြောင်း အောက်တိုဘာလ ၃ ရက်တွင် ရေးသား ထုတ်ဝေခဲ့သည်။

ယင်း သတင်းဆောင်းပါး၌ CPC ဗဟို ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စတင်ခဲ့သော စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်၏ ကာလရှည် စီးပွားရေး မဟာဗျူဟာအား ချီးကျူးဖော်ပြလိုက်ပြီး ကြွေးမြီ လျှော့ချခြင်းနှင့် အလွန်အကျွံ ထုတ်လုပ်မှု လျှော့ချခြင်းများဖြင့် စီးပွားရေး အရှိန်အဟုန် တည်ငြိမ်မှု အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ဂျာမနီနိုင်ငံ International Politics and Society မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး တစ်ပုဒ်၌ တရုတ်နိုင်ငံ၏ ပြိုင်ဘက်ကင်း အောင်မြင်မှု စံပြအဖြစ် ရေးသားခဲ့သည်ဟု ဆိုသည်။

“တရုတ်က ဆယ်စုနှစ် သုံးခုအတွင်းမှာ ဆင်းရဲပြီး သီးခြား နိုင်ငံတစ်ခုကနေ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးအဖြစ် တိုးတက်လာခဲ့တယ်” ဟု ဥရောပသမဂ္ဂ ဒေသဆိုင်ရာ ကော်မတီ အထွေထွေ အတွင်းရေးမှူးဟောင်း Gerhard Stahl က ၎င်း၏ ဆောင်းပါး တစ်ပုဒ်၌ ရေးသားထားသည်။

“တရုတ်က ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်မှု မရှိစေဘဲလျက် လွတ်လပ်သော ဈေးကွက်စီးပွားရေး လုပ်ငန်းစဉ် ဖွင့်ပေးခဲ့တယ်။ ဒါက လူဦးရေး ၁.၃ ဘီလီယံကျော်ရှိတဲ့ နိုင်ငံ တစ်ခုအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်လဲ ဖြစ်ပါတယ်” Stahl က ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.