Connect with us

Politics, Law & Military

CPC အမျိုးသားညီလာခံတက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၃၈ ဖွဲ့ ပေကျင်းမြို့သို့ရောက်ရှိလာ


ပေကျင်း ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံတက်ရောက်ရန် ကိုယ်စားလှယ်ပေါင်း အဖွဲ့ပေါင်း ၃၈ ဖွဲ့သည် ပေကျင်းမြို့သို့အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းထိ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် တရုတ်နိုင်ငံအတွင်းရှိ ဒေသပေါင်း ၃၁ ခုမှ CPC ဗဟိုကော်မတီဝင်များ ၊ ဗဟိုအစိုးရအဖွဲ့ဝင်များ ၊ ဗဟိုအစိုးရမှ ကြီးကြပ်ကွပ်ကဲသော လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ ဗဟိုငွေကြေးစနစ်မှ ကိုယ်စားလှယ်များ ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် တိုင်ဝမ်ဒေသမှ CPC အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ ကွန်မြူနစ်ပါတီဝင် ၈၉ သန်းကျော်မှ ရွေးချယ်ထားသော ကိုယ်စားလှယ်ပေါင်း ၂၂ဝဝ ကျော် သည် ဆယ်စုနှစ်တစ်ခုတွင် နှစ်ကြိမ်ကျ ကျင်းပပြုလုပ်လေ့ရှိသည့် CPC အမျိုးသားညီလာခံကို ယခုနှစ်အတွက် အောက်တိုဘာ ၁၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ တက်ရောက်ကြမည့် ကိုယ်စားလှယ်များ ပေကျင်းမြို့သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ညီလာခံအတွင်း တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် ၁၈ ကြိမ်မြောက် CPC ဗဟိုကော်မတီ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း ၊ CPC ဗဟိုကော်မတီ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း အစီရင်ခံစာတင်သွင်းခြင်း နှင့် CPC ဖွဲ့စည်းပုံအခြေခံဥပဒေကို မွံမံပြင်ဆင်ခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် CPC ခေါင်းဆောင်သစ် ဖွင့်ဟ ထုတ်ဖော်ခြင်းများလည်း ပြုလုပ်သွားရန် မျှော်လင့်ရကြောင်း နှင့် လာမည့် ၅ နှစ်တာကာလအတွက် နိုင်ငံဖွံ့ဖြိုးုတိုးတက်ရေး အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.