Connect with us

Social, Education & Health

ကွမ်ရှီးပြည်နယ် လျင်ယွင်တွင် ခရီးသွားလုပ်ငန်းကြောင့် ဆင်းရဲနွမ်းပါးသူလူဦးရေ နည်းပါးလာ

တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ပိုင်စစ်မြို့ လျင်ယွင်ခရိုင်၏ ဟောက်ခွန်းရေကန်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပိုင်စစ်၊နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ပိုင်စစ်မြို့ လျင်ယွင်ခရိုင် လျင်ကျန့် ယောင်တိုင်းရင်းသားလူမျိုးများ၏ ဟောက်ခွန်းကျေးရွာသည် ယခင်က အလွန်ဆင်းရဲနွမ်းပါးသော ကျေးရွာလေးတစ်ခုဖြစ်ရာ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းမှာ ၅၂ဒသမ၀၄ ရာခိုင်နှုန်းအထိရှိခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် လျင်ယွင်ခရိုင်သည် ဟောက်ခွန်းရေကန် သဘော၀အလှအားသာချက်ဖြင့် “ရှုခင်းသာ + ကျေးရွာစု + တောင်သူ” သုံးခုကို ပေါင်းစပ်၍ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းပုံစံလုပ်ဆောင်ခဲ့ပြီး အားလုံးပါဝင်လာအောင် လမ်းညွှန်ပေးခဲ့ရာဒေသခံများ၏ဝင်ငွေလမ်း ကြောင်း ထပ်တိုးလာစေခဲ့သည်။ ယခုဆိုလျှင် လျင်ယွင်ခရိုင် ဟောက်ခွန်းရေကန်သည် တရုတ်နိုင်ငံ 4A အဆင့် ခရီးသွား နယ်မြေဖြစ်နေပြီဖြစ်ရာ ခရီးသွားလုပ်ငန်းမှာ အနီးဝန်းကျင်ရှိ အများပြည်သူအတွက် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းစေမည့် အဓိက လုပ်ငန်းဖြစ်နေပြီဖြစ်သည်။

လျင်ယွင်ခရိုင်၏ ကိန်းဂဏန်းများအရ ယခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ အထိ ဟောက်ခွန်းရေကန်သဘာဝရှုခင်းခရီးသွားနေရာသို့ လာရောက်လည်ပတ်သူ ၅ သိန်းနီးပါးရှိရာ ခရီးသွားဘက်စုံဝင်ငွေ ယွမ်ပေါင်း ၁၄၂ သန်း ရှိကြောင်း၊ ဟောက်ခွန်းကျေးရွာလေးတွင် ယခုအခါ အိမ်ထောင်စုပေါင်း ၁၅၂ စု ၊လူပေါင်း ၇၀၉ ဦး ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းခဲ့ပြီး ဆင်းရဲနွမ်းပါးမှုဖြစ်ပွားနိုင်ခြေရာခိုင်နှုန်းမှာလည်း ၁၃ဒသမ၁၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)