Connect with us

Social, Education & Health

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Atulie’er ကျေးရွာတွင် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ကြိုးပမ်းအားထုတ်မှုများ မြင်တွေ့ရ

ကျောက်ကမ်းပါးယံတွင် တည်ရှိသော Atulie’er ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်မှုအား တွေ့ရစဉ် (ဆင်ဟွာ)

စီချွမ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ လျန်းဆန်း ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်ကြွယ်နယ်မြေရှိ Atulie’er ကျေးရွာသည် နာမည်ကျော် ကျောက်ကမ်းပါးနံဘေး ကျေးရွာတစ်ရွာဖြစ်သည်။ ယခင်က ကျေးရွာနေသူများအတွက် လမ်းများမရှိဘဲ အပြင်သွားသည့်အခါ မီတာ ၈၀၀ မြင့်သော ကျောက်ကမ်းပါးကို ကြိမ်လှေကားတစ်ခုဖြင့်သာ အတက်အဆင်းပြုလုပ်ခဲ့ရသည်။ 

ယခုအခါ လှေကားထစ် ၂, ၅၅၆ ခုပါဝင်သော သံမဏိလှေကား တည်ဆောက်ခဲ့ပြီး ဒေသခံများအတွက် ခရီးသွားလာရေး တိုးတက်လာခဲ့သည်။ ထို့ပြင် 4G ကွန်ရက်၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သံလွင်ပင်နှင့် Notoginseng အပင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုစနစ် ပွိုင့်များနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုလုပ်ငန်းများလည်း ရရှိနေပြီဖြစ်သည်။ (Xinhua)