Connect with us

ASEAN

ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၁,၄၇၀ ဦး စစ်ဆေးတွေ့ရှိ ၊ ၇ ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နှာခေါင်းစည်း တပ်ဆင်နေသော အမျိုးသမီးတစ်ဦးအား ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ပြည်တွင်းကူးစက်မှုများ ဆက်လက်မြင့်တက်ခြင်းနှင့်အတူ ဧပြီ ၂၂ ရက်တွင် COVID-19 လူနာသစ် ၁,၄၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိကြောင်း သိရသည်။

COVID-19 လူနာသစ် ၁,၄၇၀ ဦးအနက် ဘန်ကောက်မြို့မှ လူနာသစ် အများဆုံး ၄၄၆ ဦးရှိကြောင်း ၊ ပြည်နယ် ၆၆ ခုမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ထံမှ သိရသည်။

လူနာသစ် အရေအတွက် တိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ စုစုပေါင်း လူနာအရေအတွက်မှာ ၄၈,၁၁၃ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ဧပြီ ၂၂ ရက်တွင် သေဆုံးသူ ၇ ဦး ရှိခဲ့ခြင်းကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၁၁၇ ဦးထိ ရှိလာခဲ့ကြောင်း CCSA ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ထံမှ သိရသည်။

ယခုလအစောပိုင်းတွင် ဘန်ကောက်မြို့ရှိ ဖျော်ဖြေရေးနေရာများမှ ပေါ်ပေါက်လာသည့် ကူးစက်မှု လှိုင်းအသစ်သည် ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၀ ကျော်သို့ ပြန့်နှံသွားခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော်အား ကူးစက်သွားခဲ့ကြောင်း ၊ ၎င်းတို့အနက်မှ တစ်ချို့မှာ ဗြိတိန်နိုင်ငံ၌ ပထမဆုံး တွေ့ရှိခဲ့သည့် လျင်မြန်စွာ ပြန့်နှံ့သော COVID-19 မျိုးဗီဇကွဲ ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

Thailand reports 1,470 new COVID-19 cases, seven more fatalities
BANGKOK, April 22 (Xinhua) — Thailand on Thursday confirmed 1,470 new COVID-19 cases and seven fatalities as the Southeast Asian country continued to contain the new spike in domestic infections.
All the 1,470 new cases were local infections reported in 66 provinces, with the capital Bangkok leading the case increase with 446 new cases, according to the Center for COVID-19 Situation Administration spokesman Taweesin Visanuyothin.
The cases brought the country’s total caseload to 48,113.
The seven fatalities reported Thursday took the total death toll to 117, according to Taweesin.
The new wave, which reportedly originated from entertainment venues in Bangkok early this month, has spread to more than 70 provinces of the country and infected more than 10,000 people, some of them with the fast-spreading COVID-19 variant first detected in Britain. Enditem