ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် မလေးရှားနိုင်ငံ၌ ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်ကာ အမြင့်ဆုံးစံချိန်ဖြင့် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာသစ် ၂,၃၃၅ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း နှင့် ယခုအခါ အတည်ပြုလူနာစုစုပေါင်း ၁၀၃,၉၀၀ ဦးထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က COVID-19 ကူးစက်မှုအသစ် ဆက်လက်မြင့်တက်ခဲ့ပြီး ယမန်နေ့ကထက် ၄၂၇ ဦး တိုးမြင့်လာခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ မြို့တော်ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ ပင်လယ်စာဈေးကွက်နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
ဟနွိုင်း ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁,၄၁၁ ဦးထိ ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း နှင့် ၎င်းတို့အနက် သေဆုံးသူ ၃၅ ဦးရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄၈ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၅၁၆ ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း(Samut Sakhon)ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့်ဆက်စပ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လာမည့်လတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် မူဟစ်ဒင်ယာစင် (Muhyiddin Yassin)...
ပါရီ၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြစ်သစ်နိုင်ငံ မွေးမြူရေးခြံတစ်ခု၌ မွေးမြူထားသော မြွေပါကောင်လေးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသည့်အခြေအနေရှိကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ COVID-19 ကူးစက်ခံရသူအရေအတွက်သည် ၈ သန်းကျော်လွန်သွားပြီဖြစ်ကာ အောက်တိုဘာ ၂၉ ရက်တွင် ၈,၀၄၀,၂၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံးရထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တုပ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးပြီးနောက် သေဆုံးမှုဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၁၂ ဦးတိုးလာရာ စုစုပေါင်း ၄၈ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တောင်ကိုရီးယားရောဂါစီမံခန့်ခွဲရေးဌာန၏ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွမ်ဘိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) မွမ်ဘိုင်းမြို့ အများပြည်သူနေရာများတွင် နှာခေါင်းစည်း မတပ်ဆင်သည့် နိုင်ငံသား တစ်ရက်လျှင် ၂၀,၀၀၀ ဦးကို အပြစ်ပေးရန် စတင်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့နေပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက် သတင်းများအရ သိရသည်။