Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူဦးရေ ၈ သန်း ကျော်လွန်

အိန္ဒိယနိုင်ငံ တောင်ပိုင်း နယူးဒေလီမြို့ရှိ COVID-19 စောင့်ကြည့်စစ်ဆေးမှုအတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးထံမှ အာခေါင်တို့ဖတ်ရယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ COVID-19 ကူးစက်ခံရသူအရေအတွက်သည် ၈ သန်းကျော်လွန်သွားပြီဖြစ်ကာ အောက်တိုဘာ ၂၉ ရက်တွင် ၈,၀၄၀,၂၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံးရထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံသူအသစ် ၄၉,၈၈၁ ဦး ရှိခဲ့သည်။

အောက်တိုဘာ ၂၈ ရက် နံနက်မှစ၍ သေဆုံးသူ ၅၁၇ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝန်း ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၁၂၀,၅၂၇ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်း COVID-19 ကုသမှုခံယူနေသူ ၆၀၃,၆၈၇ ဦးရှိကာ ယခုအချိန်အထိ နေပြန်ကောင်း၍ဆေးရုံမှ ဆင်းခွင့်ရသူ ၇,၃၁၅,၉၈၉ ဦးရှိလာပြီးဖြစ်ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းတွင် COVID-19 စစ်ဆေးမှုများ တိုးမြင့်လုပ်ဆောင်လျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၂၉ ရက်အထိ စုစုပေါင်း လူ ၁၀၆,၅၆၃,၄၄၀ ဦးကို COVID-19 စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ  အောက်တိုဘာ ၂၉ ရက်တစ်ရက်တည်းတွင် လူပေါင်း ၁,၀၇၅,၇၆၀ ဦး စစ်ဆေးခဲ့ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီ အဆိုအရ သိရသည်။  (Xinhua)