Connect with us

ASEAN

မလေးရှားနိုင်ငံ၌ အမြင့်ဆုံးစံချိန်ဖြင့် တစ်ရက်အတွင်း COVID-19 လူနာသစ် ၂,၃၃၅ ဦး တွေ့ရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အမွှာမျှော်စင်ရှေ့တွင် ဓာတ်ပုံရိုက်နေသော ကလေးငယ်နှစ်ဦးအား အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

မလေးရှားနိုင်ငံ၌ ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်ကာ အမြင့်ဆုံးစံချိန်ဖြင့် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာသစ် ၂,၃၃၅ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း နှင့် ယခုအခါ အတည်ပြုလူနာစုစုပေါင်း ၁၀၃,၉၀၀ ဦးထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah ၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် အတည်ပြုလူနာသစ်များအနက် ၁၁ ဦးမှာ ပြည်ပမှ ဝင်ရောက်လာခဲ့ကြသူများဖြစ်ပြီး ကျန် ၂,၃၂၄ ဦးမှာ ပြည်တွင်း ကူးစက်မှုများဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၆ ရက်တွင် ကိုဗစ်လူနာ နှစ်ဦးထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူ ၄၅၁ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၈၇၄ ဦးရှိခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၈၃,၄၁၄ ဦး သို့မဟုတ် အတည်ပြုလူနာအားလုံး၏ ၈၀.၃ ရာခိုင်နှုန်းထိရှိလာကြောင်း သိရသည်။မလေးရှားနိုင်ငံ၌ COVID-19 ရောဂါဖြင့် ဆေးကုသမှုဆက်လက်ခံယူနေရသူ ၂၀,၀၃၅ ဦးရှိကြောင်း ၊ လူနာ ၁၀၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ရောက်ရှိနေပြီး ယင်းတို့အနက် ၅၀ ဦးမှာ အသက်ရှူစက်ကိရိယာအကူအညီဖြင့် အသက်ရှူနေရကြောင်း သိရသည်။

အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ဒီဇင်ဘာ ၂၆ ရက်ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါဖြစ်ပွားသူ သန်း ၈၀ ကျော်ရောက်ရှိသွားပြီဖြစ်ကြောင်း ဆိုသည်။အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးခံစားနေရသောနိုင်ငံအဖြစ်ရပ်တည်နေပြီး အတည်ပြုလူနာပေါင်း ၁၈,၇၉၄,၅၄၅ ဦး နှင့် သေဆုံးသူပေါင်း ၃၃၀, ၅၀၉ ဦး အသီးသီး ရှိသည်။

COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၈ ရက်က လူနာပေါင်း သန်း ၅၀ ကျော်ရှိခဲ့ရာမှ နိုဝင်ဘာ ၂၅ ရက်တွင် သန်း ၆၀ ကျော်ထိ မြင့်တက်ခဲ့ကြောင်း နှင့် ဒီဇင်ဘာ ၁၁ ရက်တွင်မူ သန်း ၇၀ ကျော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။အတည်ပြုလူနာ သန်း ၅၀ မှ သန်း ၆၀ သို့ ခုန်တက်ရန် ၁၇ ရက်သာ အချိန်ကြာမြင့်ပြီး ၊ သန်း ၆၀ မှ သန်း ၇၀ သို့ရောက်ရှိရန် ၁၆ ရက်သာကြာမြင့်ကြောင်း နှင့် သန်း ၇၀ မှ သန်း ၈၀ သို့ ရောက်ရှိရန် ၁၅ ရက်သာကြာမြင့်ကြောင်း သိရသည်။(Xinhua)

——————————————-
(English Version)

Malaysia reports 2,335 new COVID-19 cases in highest daily spike

KUALA LUMPUR, Dec. 26 (Xinhua) — Malaysia on Saturday reported 2,335 new COVID-19 infections in the highest daily spike since the outbreak, bringing the national total to 103,900.
Health Ministry Director-General Noor Hisham Abdullah said in a press statement that 11 of the new cases are imported and 2,324 are local transmissions.
Another two deaths have been reported, pushing the total deaths to 451.

Some 874 more patients have been released after recovery, bringing the total cured and discharged to 83,414, or 80.3 percent of all casesOf the remaining 20,035 active cases, 108 are being held in intensive care and 50 of those are in need of assisted breathing.

Global COVID-19 cases surpassed 80 million on Saturday, according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University.
The United States reported the most cases and deaths around the world, which stood at 18,794,545 and 330,509, respectively.
Global cases hit 50 million on Nov. 8, topped 60 million on Nov. 25 and surpassed 70 million on Dec. 11. It took 17 days for the global caseload to jump from 50 million to 60 million, 16 days from 60 million to 70 million and only 15 days from 70 million to 80 million.

Photo caption – Children wearing face masks pose for photos in front of the Petronas Twin Towers in Kuala Lumpur, Malaysia, Oct. 3, 2020. Malaysia reported a daily spike of 317 confirmed new COVID-19 infections on Saturday, bringing its total tally to 12,088. (Photo by Chong Voon Chung/Xinhua)