Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 မူရင်းအချက်အလက်များကို ပံ့ပိုးပေးခြင်းမရှိကြောင်း ပြောဆိုချက်မှာ အခြေအမြစ်မရှိကြောင်း ကျွမ်းကျင်သူပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် WHO-တရုတ် ပူးတွဲလေ့လာရေး သတင်းစာရှင်းလင်းပွဲ၌ WHO-တရုတ် ပူးတွဲလေ့လာရေးအဖွဲ့ အဖွဲ့ဝင် Liang Wannian အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို လေ့လာရန်အတွက် မူရင်းအချက်အလက် ပံ့ပိုးပေးခြင်းမရှိဟူသော ပြောဆိုချက်သည် ခိုင်လုံမှုမရှိကြောင်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နိုင်ငံရပ်ခြားမှ ကျွမ်းကျင်သူများသည် ဝူဟန့်မြို့တွင် သုတေသနနှင့် လေ့လာဆန်းစစ်မှုများကို အတူတကွ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များမှ ရရှိထားသော အချက်အလက်များမှာ ကွဲပြားမှုမရှိကြောင်း COVID-19 မူလအရင်းအမြစ်လေ့လာရေး WHO-တရုတ် ပူးတွဲအဖွဲ့ဆိုင်ရာ တရုတ်နိုင်ငံဘက်မှ အဖွဲ့ခေါင်းဆောင် Liang Wannian က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ပြည်ပမှ ကျွမ်းကျင်သူများသည် သုတေသနလုပ်ဆောင်နေစဉ်အတွင်း အနီးကပ် လုပ်ကိုင်ခဲ့ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။“တရုတ်နိုင်ငံရဲ့ ဥပဒေအရ အချို့သောအချက်အလက်တွေကို အဝေးဆီယူဆောင်သွားတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ကူးတာမျိုး ခွင့်မပြုပါဘူး” ဟု Liang က ဖြည့်စွက်ပြောခဲ့သည်။

Liang သည် ပေကျင်းမြို့တွင် မတ် ၃၁ ရက်က WHO က ဦးစီးသော ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို လေ့လာမှု၏ တရုတ်နိုင်ငံ အဖွဲ့ဝင်များမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

—————————–
(English Version)

Claims that China has not supplied original COVID-19 data not valid: expert

BEIJING, March 31 (Xinhua) — The assumption that China did not provide original data for the study of the origins of the novel coronavirus does not hold water, said a senior expert on Wednesday.

Chinese and foreign experts have been carrying out continuous research and analysis together in Wuhan, and there is no difference between the information possessed by Chinese experts and foreign experts, said Liang Wannian, the team leader from the Chinese side of the WHO-China joint team studying the origins of COVID-19.
Chinese and foreign experts have been working quite closely during their research, he stressed.

“According to Chinese law, some data cannot be taken away or photographed,” Liang added.Liang made the remarks at a press briefing from the Chinese members of the WHO-convened global study of the origins of the virus on Wednesday in Beijing. ■
Liang Wannian, a member of the WHO-China joint study team, speaks at the WHO-China joint study press conference in Wuhan, central China’s Hubei Province, Feb. 9, 2021. (Xinhua/Cheng Min)