Connect with us

CHINA

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၃၁ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးများ မတ် ၃၁ ရက်က ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksaဦးဆောင်သော ဝန်ကြီးအဖွဲ့က လေဆိပ်သို့ သွားရောက် ကြိုဆိုလက်ခံခဲ့ကြသည်။  

လေဆိပ်တွင် ကျင်းပသည့် ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန့်ဟုန်နှင့် သီရိလင်္ကာနိုင်ငံ ဆေးဝါးပစ္စည်းထုတ်လုပ်ရေး ၊ ထောက်ပံ့ရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumanaတို့က နှစ်နိုင်ငံ အစိုးရ ကိုယ်စား လက်မှတ်ရေးထိုး၍ ကာကွယ်ဆေးများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၃၁ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

သမ္မတ Gotabaya Rajapaksaက တရုတ်နိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် သီရိလင်္ကာနိုင်ငံကို ဦးစားပေးဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ယင်းနေ့ ၎င်း၏လူမှုကွန်ရက်၌ ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့  သီရိလင်္ကာ နိုင်ငံသမ္မတ Gotabaya Rajapaksaတက်ရောက်သည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ ရောက်ရှိလာခြင်းသည် နှစ်နိုင်ငံနှင့် နိုင်ငံပြည်သူများ၏ ညီအကို ချစ်ကြည်ရေးကို ပို၍ပေါ်လွင်စေသလို ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့လက်လှမ်းမီအောင် ဆောင်ရွက်ပေးလိုသည့် စိတ်စေတနာကို ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ စည်းလုံးညီညွတ်စွာ အပြန်အလှန်ကူညီဖေးမခြင်းဖြင့် ကပ်ရောဂါတိုက်ပွဲ အမြန်အဆုံးသတ်စေရန်နှင့် လူသားမျိုးနွယ်တို့၏ ကျန်းမာရေး အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရာတွင် မဖြစ်မနေလျှောက်လှမ်းကြရမည့် လမ်းစဉ်လမ်းဖြစ်ကြောင်း ချီကျန့်ဟုန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ကပ်ရောဂါကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအစိုးရနှင့်ပြည်သူ အေးတူပူမျှ၊ အပြန်အလှန်လက်ကမ်းဖေးမ၍ လက်ချင်းချိတ်ဆက်ကာ ကပ်ရောဂါကာကွယ်ရေးတံတိုင်းကို အတူတည်ဆောင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးခိုင်မာတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ သီရိလင်္ကာ နိုင်ငံသမ္မတ Gotabaya Rajapaksaတက်ရောက်သည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Channa Jayasumanaကလည်း ကူညီလှူဒါန်းသည့် ကာကွယ်ဆေးများသည် နှစ်နိုင်ငံချစ်ကြည်ရေး၏မှတ်ကျောက်တိုင်ဖြစ်ရာ ကပ်ရောဂါကာလကူညီမှုများစွာပေးသည့်အတွက် သီရိလင်္ကာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၃၁ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၃၁ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကာကွယ်ဆေးများ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၃၁ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသို့ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။ မတ် ၂၀ ရက်တွင် Sinopharmကာကွယ်ဆေးကို အရေးပေါ်သုံးရန် သီရိလင်္ကာနိုင်ငံ ဆေးဝါးကြီးကြပ်ရေးဌာနမှ ခွင့်ပြုခဲ့သည်။(Xinhua)
—————————–
(English Version)

(国际疫情)斯里兰卡总统迎接首批中国援斯新冠疫苗

新华社科伦坡3月31日电(记者唐璐)中国政府援助斯里兰卡新冠疫苗31日运抵斯里兰卡科伦坡班达拉奈克国际机场,斯里兰卡总统戈塔巴雅•拉贾帕克萨率领多名部长前往机场迎接。

 在机场举行的疫苗交接仪式上,中国驻斯里兰卡大使戚振宏与斯里兰卡负责药品生产、供应和监管的国务部长贾亚苏马纳分别代表两国政府签署疫苗移交证书。随后,戚振宏向戈塔巴雅正式移交这批疫苗。

  戈塔巴雅当天通过社交媒体发文,感谢中国领导人及中国人民在抗击疫情的国际合作中将斯里兰卡置于优先位置。
  戚振宏在仪式上致辞说,中国援斯疫苗的到来再次彰显了两国和两国人民深厚的兄弟情谊,再次践行了中国领导人关于中国疫苗作为全球公共产品的指示精神,再次昭示了团结互助是早日战胜疫情、构建人类卫生健康共同体的必由之路。面对新冠疫情,两国政府和人民患难与共、互施援手、携手并肩,共筑抗疫长城,巩固和升华了中斯友谊。

 贾亚苏马纳表示,中国这次向斯捐赠疫苗是斯中友谊的非常重要的里程碑。他代表斯里兰卡政府感谢中国政府和人民自疫情暴发以来向该国提供的巨大而宝贵的援助。

据悉,中国政府此次向斯里兰卡捐助的新冠疫苗是由国药集团中国生物生产。
 3月20日,斯里兰卡国家药品监管局批准国药集团新冠疫苗在该国紧急使用。随后,斯政府表示愿将全体在斯中国公民纳入免费接种计划。(完)

图说1-2,5-7: 3月31日,工人在斯里兰卡科伦坡班达拉奈克国际机场运输中国政府援助的新冠疫苗(手机拍摄)。
图说3,4: 3月31日,在斯里兰卡科伦坡班达拉奈克国际机场,斯里兰卡总统戈塔巴雅•拉贾帕克萨(前排右五)出席交接仪式。