ဝူဟန့် ၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ မတ် ၁၇ ရက်က COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူအသစ် တစ်ဦးသာ ရှိကြောင်း နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန့်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသော လူနာအရေအတွက် ဆက်လက်လျော့ကျလာသည့်အတွက် COVID-19 လူနာများအား အဓိကထားကုသရန် သတ်မှတ်ထားသော ဆေးရုံများအနေဖြင့် မတ်လကုန်တွင် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
မနီလာ ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၏ ရောဂါ ကူးစက်ဖြစ်ပွားမှုများ အလျင်အမြန်မြှင့်တက်လာခြင်းကို ကူညီတားဆီးပေးနိုင်ရန် တရုတ်နိုင်ငံသံရုံးမှ ဖိလစ်ပိုင်နိုင်ငံအား COVID-19 အမြန်စမ်းသပ်ကိရိယာ ၂,၀၀၀ အား ယနေ့ မတ် ၁၆ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် အမြန်စမ်းသပ်ကိရိယာများအား တရုတ်...
ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin နှင့် ချိန်းဆိုထားသည့်အတိုင်း မတ် ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပါတီနှင့်ပြည်သူများ အလိုအပ်ဆုံး ဖြစ်သည့်နေရာများတွင် ပံ့ပိုးမှုများ ပြုလုပ်ရန် ရှေ့တန်း နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် လူငယ်ဆရာဝန်များကို အားပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ ဗဟို...
ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တို့ က မတ်လ ၁၂ ရက် ညပိုင်း အချိန်တွင် COVID-19 ရောဂါ နှင့်...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကျောင်းများ အတွက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ခြင်းနှင့် ကုသခြင်းများဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်လိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက (MOE) ထံမှ သိရသည်။အဆိုပါ လမ်းညွှန်ချက်များတွင် ဗိုင်းရပ်စ်အကြောင်း အခြေခံဗဟုသုတ၊...
ချန်တူး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ လေးဦးနှင့် အီတလီ ဘာသာစကားကျွမ်းကျင်သူ ဘာသာပြန်တစ်ဦးတို့သည် အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်မှုအတွက် ကူညီရန် မတ် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ မတ် ၁၀ ရက်တွင် ပြင်ပမှဝင်ရောက်လာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၆ ဦးရှိကြောင်း သတင်းပေးပို့မှုရရှိခဲ့သည်ဟု ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။