Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 အတည်ပြုလူနာအသစ် တစ်ဦးသာရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ထမ်းများလမ်းလျှောက်နေသည်ကို မတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊မတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ မတ် ၁၇ ရက်က COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူအသစ် တစ်ဦးသာ ရှိကြောင်း နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အတည်ပြုလူနာအသစ်မှာ ရောဂါအဓိကကူးစက်ဖြစ်ပွားရာ နေရာဖြစ်သည့် ပြည်နယ်မြို့တော် ဝူဟန့်မြို့မှ ဖြစ်ကြောင်း သိရသည်။ကူးစက်မှုဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသည့် ၎င်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၆၇,၈၀၀ ဦးရှိခဲ့ကြောင်း နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။မတ် ၁၇ ရက်တွင် ဟူပေပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၆ မြို့ နှင့် ဝူဟန့်မြို့အပြင်ဘက်၌ ၁၃ ရက်ဆက်တိုက် COVID-19 အတည်ပြုလူနာအသစ် မရှိခဲ့ကြောင်း သိရသည်။(Xinhua)