Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ရောဂါကူးစက်မှု အထွတ်အထိပ်ကို ကျော်လွန်သွားပြီဟု ပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြိုရှိ Wuchang ယာယီဆေးရုံတွင် ရောဂါပျောက်ကင်း၍ လူနာများ ဆေးရုံမှဆင်းသွားပြီးနောက် ကျန်းမာရေးဝန်ထမ်းများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။

ရောဂါကူးစက်မှုဖြစ်ပွားသူ အသစ်လျော့ကျလာခြင်းနှင့် ရောဂါဖြစ်ပွားမှုအခြေအနေက အောက်ဆုံးအဆင့်တွင် ရှိနေကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက ပေကျင်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ရောဂါဖြစ်ပွားမှုအများဆုံးနေရာဖြစ်သည့် ဝူဟန့်မြို့တွင် ရောဂါကူးစက်သူအသစ်မှာ မတ် ၁၁ ရက်က ၈ ဦးသာရှိကြောင်း သတင်းရရှိခဲ့ရာ ရောဂါဖြစ်ပွားသူအရေအတွက် ခုဂဏန်းသို့ ကျဆင်းသွားခဲ့ကြောင်း မီက ဆိုသည်။ ထို့ပြင် ဟူပေပြည်နယ်ပြင်ပ တရုတ်နိုင်ငံ ပြည်မကြီးတွင်လည်း ရောဂါကူးစက်သူအသစ် အရေအတွက်အားဖြင့် ၇ ဦးသာရှိပြီး ယင်းအနက် ၆ ဦးမှာ ပြည်ပမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)