Connect with us

MYANMAR

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် ဇွန်လကုန်အထိ ရက်တိုးမြှင့်သတ်မှတ် 

ရန်ကုန်မြို့ရှိပြည်သူများအား COVID-19 ကြိုတင်ကာကွယ်ရေးအဖြစ် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့်ပည်ထောင်စု အဆင့် အဖွဲ့အစည်းများပြည်ထောင်စု ဝန်ကြီးဌာနများ အ နေ ဖြင့် COVID-19ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ဇွန် ၁၅ရက်အထိ ထုတ်ပြန်ထားသော အ မိန့်၊အ မိန့် ကြော်ငြာ စာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက် များ (ဖြေ လျှော့ပေးရန် လမ်းညွှန် ထားသော ကိစ္စရပ်များ မ ပါ) အား ဇွန် ၃၀ ရက်အထိ ရက် တိုးမြှင့်သတ်မှတ် ဆောင်ရွက်သွားရန် COVID- 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ ယနေ့ ညထုတ်ပြန်ကြေညာခဲ့သည်။

လတ်တလော ရက်တိုးထုတ်ပြန်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လူ ၅ ဦးဖြစ်စေ၊ ၅ ဦးအထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန်၊ လူစုလူဝေးဖြင့် ပွဲလမ်းသဘင်များမကျင်းပရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း နေထိုင်ရန် စသည့်အချက်များ အကျုံးဝင်နေသေးကြောင်း COVID- 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီထံမှ စုံစမ်းသိရှိရသည်။

 COVID-19 နှင့် စပ်လျဉ်း၍ စက်ရုံ ၊အလုပ်ရုံ၊အလုပ် ဌာနများ လိုက်နာ ဆောင်ရွက်ရန် ဖြ ည့်စွက် အသိပေး ထုတ်ပြန် ကြေ ညာ ချက် တွင် COVID-19 ကို ကာကွယ် ထိန်းချုပ် နေ သည့် ကာလအတွင်း မရှိမဖြစ် လိုအပ် သည့် လုပ်ငန်းများ, အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များ ၊အများပြည်သူအတွက် လိုအပ် သည့် လုပ်ငန်းများ အဖြစ် သတ်မှတ်ထားသော လုပ်ငန်းများအား သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ခွင့်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကန့်သတ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ ရက်တိုးထားသော်လည်း  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်အား ဖြေလျှေ့ာခြင်း၊ အစိုးရ ဝန်ထမ်းများ ယခင်လကဲ့သို့ ၅၀ ရာနှုန်း သာ အလုပ်ဆင်းခြင်းအား ဇွန်လ (၁) ရက်နေ့မှ စပြီး ရာနှုန်းပြည့် အလုပ်ဆင်းရန် စတင် ပြောင်း လဲခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်လမ်းညွှန်ချက်များနှင့် အညီ စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်းများအား ဖြေလျှော့ပေးထားကြောင်း သိရသည်။  (Xinhua)