MYANMAR
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ စက်တင်ဘာလ မှ စ၍ Online မှ ငွေပေးသွင်းနိုင်

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ အတွက် စက်တင်ဘာလ မှ စ၍ Online မှတဆင့် MPU Card ၊ Visa Card ၊ Master Card ၊ JCB Card ၊ UnionPay Card နှင့် CB Pay များကို အသုံးပြု၍ ငွေပေးသွင်းနိုင်ပြီဖြစ်ကြောင်း၊ ဆက်လက်၍ E လိုင်စင်စနစ်ကိုလည်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ယနေ့တွင်ပြောကြားခဲ့သည်။
“လက်ရှိ COVID-19 ရောဂါကာလ အတွင်း မှာ Social Distancing အရ သော်လည်းကောင်း၊ နောက်ပြီးဒီကာလ အတွင်းသာမက ရေရှည် အတွက် COVID-19 အလွန်ကာလမှာရော ကျွန်တော်တို့ အွန်လိုင်းစနစ်ကိုဆောင်ရွက်မှာပါ။ လက်ရှိ E လိုင်စင်စနစ် လည်းဆောင်ရွက်ဖို့ လုပ်နေပါတယ်။ Eလိုင်စင်စနစ် ဆိုတာ လိုင်စင်တွေ ကို အွန်လိုင်းကနေ လျှောက်ထားနိုင်တဲ့ စနစ်ပါဒီလကုန်လောက် မှာ လည်း ကျွန်တော်တို့ ကြော်ငြာနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’၎င်းက ရှင်းပြသည်။
လိုင်စင်ကြေးများ၊ ဗီဇာကြေး၊ Web Portal Membership ကြေးနှင့် ကြော်ငြာကြေးများ၊ သင်တန်းကြေးများ တင်ဒါ မှတ်ပုံတင်ကြေးများအား အွန်လိုင်းမှ တဆင့်ငွေပေးချေနိုင်မည်ဖြစ်ကြောင်း၊ ငွေပေးချေရန်အတွက် ဝန်ကြီးဌာန၏ https://payment.tourism.gov.mm မှတဆင့် ဝင်ရောက်အသုံးပြုနိုင်ပါကြောင်း သိရသည်။
ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို Digital Marketing အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူပြည်တွင်းခရီးစဉ်ဒေသ အသစ်များအတွက်လည်း အွန်လိုင်းမှ တဆင့်ကြော်ငြာပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)