Connect with us

Science & Technology

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် အတွက် အဆိုပြုလွှာ တင်သွင်းရန် ကြေညာချက် ထုတ်ပြန်

ဆက်သွယ်ရေး တာဝါတိုင် တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် အား ရယူ သုံးစွဲနိုင်မည့် အထူး လုပ်ငန်း ကုမ္ပဏီ ဖွဲ့စည်းရေး အဆိုပြုလွှာများကို သြဂုတ်လ ၂၄ရက် နောက်ဆုံးထား တင်သွင်းရန် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ၎င်းတို့ ဝက်ဘ်ဆိုဒ်တွင် ကြေညာချက် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အနှံ့လွှမ်းခြုံသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် သုံးခု အား ခွင့်ပြုပေးခဲ့ပြီးနောက် ယခု ဖိတ်ကြားလွှာသည် စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်အား ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု (Special Purpose Vehicle) ဖွဲ့စည်းရာတွင် ပါဝင်ရန် စိတ်ဝင်စားသော အမျိုးသား အများပိုင် ကုမ္ပဏီများမှ အဆိုပြု လျှောက်လွှာများကို ခေါ်ယူခြင်းဖြစ်ပါသည်။

ဤလိုင်စင် ခွင့်ပြုပေးရန် ပထမအဆင့် အနေဖြင့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု အောင်မြင်စွာ ဖွဲ့စည်းရန် လိုအပ်ပြီး ယင်းကုမ္ပဏီတွင် ပါဝင်ကြမည့် အစုရှယ်ယာများနှင့် လုပ်ငန်း အဆိုပြုချက် လျှောက်လွှာများကို စည်းကမ်းချက်များ နှင့် အညီ စီမံခန့်ခွဲရေး ကော်မတီ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရေး နှင့် တင်ဒါ စိစစ် ရွေးချယ်ရေး လုပ်ငန်းကော်မတီ၊ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော် သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရန် ကြေညာချက်ထဲတွင ပါရှိသည်။

လျှောက်လွှာ ပုံစံများအား ဤဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် ဖြစ်သည့် http://www.mcit.gov.mm/ တွင် ရယူ နိုင်ကြောင်း သိရသည်။

အဆိုပါ အထူးလုပ်ငန်း ကုမ္ပဏီ အောင်မြင်စွာ ဖွဲ့စည်းပြီးသည့် အချိန်တွင် စတုတ္ထလိုင်စင် ချမှတ်ရန် သဘောတူ စာချွန်လွှာ ရေးထိုးနိုင်မည် ဖြစ်ပြီး မိတ်ဖက် နိုင်ငံခြားကုမ္ပဏီနှင့် အောင်မြင်စွာ ဖက်စပ် ကော်ပိုရေးရှင်း တစ်ခု ဖွဲ့စည်းပြီးသည့် အခါ လိုင်စင်အား သတ်မှတ်ထားသော အခွန်အခ ပေးချေစေလျက် လုံးဝ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ၊ ဤလိုင်စင်သည် ကနဦး ၁၅ နှစ် သက်တမ်းရှိမည် ဖြစ်ပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မူလ လိုင်စင် သက်တမ်း အတိုင်း ထပ်မံ သက်တမ်း တိုးနိုင်မည် ဖြစ်သည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117