Connect with us

Local

ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ယခုချိန်ထိ ပြည်ပ ခရီးစဉ် လုပ်ငန်း လိုင်စင် ၅၁ ခုကို ခွင့်ပြုပေးထားပြီး ထပ်မံ တင်ပြလာသော ကုမ္ပဏီများ ကိုလည်း စိစစ် ခွင့်ပြုပေးသွားမည်

ပြည်ပ ခရီးစဉ် လုပ်ငန်း လိုင်စင် ချထားပေးမှုအား သတင်း ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးလျက် ရှိရာ လိုင်စင် (၅၁) ခုကို ဖေဖော်ဝါရီလ ၁၉ ရက် အထိ ခွင့်ပြုပေးထားပြီး ဖြစ်ပြီး ထပ်မံ တင်ပြလာသော ကုမ္ပဏီများကို လည်း စိစစ် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ခရီးသွား ကုမ္ပဏီများသည် ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက လုပ်ငန်း လိုင်စင် လျှောက်ထား ရယူရန် လိုအပ်ပြီး လိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက်စဉ် အကြောင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တည်ဆဲ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့် အညီ အရေးယူ ခံရနိုင်ကြောင်း သိရသည်။

ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေ၊ မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့်အညီ လုပ်ငန်း လိုင်စင်များအား စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117