လီမာ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပီရူးနိုင်ငံသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinopharm ၏ COVID-19 ကာကွယ်ဆေးများ ရရှိရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ယခုလအတွင်း ပထမဆုံး ကာကွယ်ဆေးအလုံးရေ ၁ သန်း ရောက်ရှိမည်ဖြစ်ကြောင်း ပီရူး သမ္မတ Francisco...
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက လွှတ်တော်အဆောက်အဦအတွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းမှုအတွင်း လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၆ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၂,၃၂၂) ဦး ရှိပြီးကပ်ရောဂါကာလ တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးစံချိန်သစ်ကို ထပ်တင်ခဲ့ခြင်းဖြစ်ရာ စုစုပေါင်းအတည်ပြုလူနာ (၂,၈၃၆,၈၀၁)ဦးထိရှိိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန့်သည့် ကိန်းဂဏန်းများအရ သိရသည်။
တိုကျို၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဇန်နဝါရီ ၆ ရက်တွင် ဂျပန်နိုင်ငံ၏ တစ်ရက်အတွင်းကိုဗစ်အတည်ပြုလူနာဦးရေသည် ပထမဆုံးအကြိမ်အဖြစ် (၆,၀၀၀)ကျော် ရှိခဲ့ရာ နှစ်ရက်ဆက်စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (ဇန်နဝါရီ ၆ ရက်)ထိ COVID-19 ရောဂါဖြစ်ပွားသူ ၁၂၈,၁၇၈ ဦးရှိပြီး သေဆုံးသူ ၂,၇၈၅ ဦးထိ တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ငါးမိနစ်ပင်မကြာသောအချိန်အတွင်း ရလဒ်ထုတ်ပေးနိုင်သည့် COVID-19 စမ်းသပ်မှုနည်းလမ်းအသစ်တစ်မျိုးကို တီထွင်ဖော်ထုတ်လိုက်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
စိန်ရန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ဟဲဖိန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် nucleic acid စစ်ဆေးမှုနမူနာများ ရယူနေစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ဟဲဖိန်ခရိုင်တွင် COVID-19...
ပေကျင်း၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေဆဲဖြစ်ရာ နေရာအမြောက်အမြားတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည်လည်း ကပ်ရောဂါ၏ မရေရာမှုများစွာကို ဖြစ်ပေါ်လာစေခဲ့ပြီး နှစ်သစ်ကူးကာလ ရောဂါထိန်းချုပ်ရေးအခြေအနေများ ဆိုးဝါးလာခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းစုစည်းချက် – ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၆ သောင်းကျော် ရောဂါထပ်မံကူးစက်ခံရ ကြောင်း နှင့် ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာဖွယ်ရှိ ကြောင်း သိရသည်။
မနီလာ၊ဇန်နဝါရီ၆ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ရှိ ဟိုတယ်တစ်လုံးတွင် လာရောက်ကြသော ဧည့်သည်များ COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ဘက်စုံသုံး ပလက်စတစ် ပူဖောင်း သီးသန့်အလုံပိတ် စားသောက်ခန်းငယ်များကို ဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ သီးသန့်အလုံပိတ်အခန်းငယ်များကို တစ်ခုနှင့်တစ်ခု ခပ်ခွာခွာ နေရာချထားပြီး လာရောက်စားသောက်ကြသော ဧည့်သည်များ ဘေးကင်း လုံခြုံ စိတ်ချမ်းမြေ့စွာ...